ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ လက်ယက်မကျေးရွာအုပ်စု၊ လက်ယက်မကျေးရွာရှိ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ လက်ယက်မကျေးရွာအုပ်စု၊ လက်ယက်မကျေးရွာတွင် (၂၂-၂-၂၀၁၇) ရက်နေ့ တွင် အိပ်ရာဘေးတွင် ခြင်ဆေးခွေထွန်းထားခဲ့သဖြင့် စောင်ပေါ်သို့ ခြင်ဆေးခွေလဲကျရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ မီးဘေး သင့်အိမ်ထောင်စု (၁) စု၊ ဘေးသင့်လူဦးရေ (၁) ဦးအား အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀ိ/) ကျပ်၊ ဆန်ရိက္ခာဖိုး (၉၀၀ိ/) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးတို့အား မြိုင်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက (၂၃-၂-၂၀၁၇) ရက်နေ့တွင် မီးဘေးသင့်ပြည်သူ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:  ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events