ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် “ခရိုင်/မြို့နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဝင်များ ကြိုတင်ပြင်ဆင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး”ကို (၂၁-၂-၂၀၁၇) ရက်နေ့၌ ဖျာပုံခရိုင် ထွေ/အုပ် အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ရာ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ ဥက္ကဌခရိုင်အုပ်ချုပ်ရေးမှူးမှ အမှာစကားပြောကြားခဲ့ပြီး ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ၊ အတွင်းရေးမှူး ဖျာပုံ (ကဆရ) ဦးစီးမှူးမှ ကြိုတင်ပြင်ဆင်ရေးဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးကာ လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)