ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ကျွန်းလျားရှည်ကျေးရွာအုပ်စု၊ ညောင်ချောင်း (စံပြ) ကျေးရွာ၌ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲအား (၂၀-၂-၂၀၁၇) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာသူ/သား (၁၉၄) ဦးတက်ရောက်ခဲ့ပါသည်။ ထိုဟောပြောပွဲတွင် သဘာဝဘေးစီမံခန့်ခွဲမှု၊ ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များဆွေးနွေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ၊ ပိုစတာများဖြန့်ဝေခြင်းနှင့် DAN Application ဖြန့်ဝေခြင်းလုပ်ငန်း များကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)