ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၂-၂၀၁၇) ရက်နေ့တွင် မကွေးခရိုင်၊ မကွေးမြို့နယ်၊ လျှောင်းတော်ဦးကျေးရွာတွင် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် အကြောင်း အရာများ၊ ရှောင်ရန်/ဆောင်ရန်များနှင့် ပတ်သက် ၍ ဆွေးနွေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာများ ဖြန့်ဝေပေးခြင်း၊ မုန့်ထုပ်များဝေငှပေးခြင်းများကို လုပ်ဆောင်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၉၀) ဦး ခန့်ရှိကြောင်း သတင်းရရှိပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)