ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဆပ်ကျာကျေးရွာအုပ်စု၊ ဆပ်ကျာ(ဘင်္ဂလီ) ရွာရှိ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၂၁-၂-၂၀၁၇) ရက်နေ့ တွင် မင်းပြားမြို့နယ်၊ ဆပ်ကျာကျေးရွာအုပ်စု၊ ဆပ်ကျာ (ဘင်္ဂလီ) ရွာ၌ နေအိမ်မီးဖိုမီးကြွင်း မီးကျန်မှ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ လူနေအိမ် (၁) လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု (၁) စုမှ မ (၁) ဦး မီးဘေးသင့်ခဲ့ပါသည်။ အဆိုပါ မီးဘေးသင့်ပြည်သူ အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ထောင်စု (၁) စုစာ ဆန်ရိက္ခာဖိုး (၃) ရက်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀ိ/-) ကျပ်အား (၂၁-၂-၂၀၁၇) ရက်နေ့တွင် ဌာနဆိုင်ရာတာဝန်ရှိသူထံသို့ လွှဲပြောင်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Source:   မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events