Author Archives: Aye Kyimann

  • မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ မီးဘေးကြောင့် သေဆုံးသူများ၏ မိသားစုများအား ဆက်လက်ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၄-၄-၂၀၁၇) ရက်နေ့တွင် မကွေးမြို့နယ်၊ မကွေးမြို့မြင်သာရပ်၊ (၂၉) လမ်းနှင့် သစ္စာလမ်းထောင့် ရွှေမြတ်မင်းသမီး အအေးခန်းစားသောက်ဆိုင်တွင် (၂-၄-၂၀၁၇) ရက်နေ့ (၂၂းဝ၄) အချိန်တွင် မီးလောင်မှုကြောင့်  သေဆုံး သွားသူ (၁၅) ဦးဖြစ်ပြီး ထောက်ပံ့ရန်ကျန်ရှိသူ (၄) ဦးအနက် သေဆုံး သူ မင်းလှမြို့နယ်နေထိုင်သူ မဆောင်းသဇင်၏ ကျန်ရစ်သူ မိသားစုထံသို့ ထောက်ပံ့ငွေ (၃၀၀၀၀၀/-) အား  မကွေးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ … Read more

  • မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ မီးဘေးကြောင့် ဒဏ်ရာရလူနာအား ထောက်ပံ့ပြီးစီးခြင်း

    (၂-၄-၂၀၁၇)ရက်နေ့၌ မကွေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊မကွေးမြို့မြင်သာရပ်၊ ၂၉ လမ်း နှင့် သစ္စာလမ်းထောင့်ရှိ ရွှေမြတ်မင်းသမီးအအေးခန်းစားသောက်ဆိုင်တွင် ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုကြောင့် ဒဏ်ရာရရှိသူ(၁)ဦးအတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀/-)ကျပ်အား မကွေးဆေးရုံကြီးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက (၃-၄-၂၀၁၇)ရက်နေ့တွင် သွားရောက်ထောက်ပံပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။ Source : မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

  • မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ မီးဘေးကြောင့် သေဆုံးသူများ၏ မိသားစုများအား ထောက်ပံ့ပြီးစီးခြင်း

    (၂-၄-၂၀၁၇)ရက်နေ့၌ မကွေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊မကွေးမြို့မြင်သာရပ်၊ ၂၉ လမ်း နှင့် သစ္စာလမ်းထောင့်ရှိ ရွှေမြတ်မင်းသမီးအအေးခန်းစားသောက်ဆိုင်တွင် ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုကြောင့် သေဆုံးသွားသူ (၁၅)ဦးအနက် ပိုင်ရှင်အတည်ပြုပြီးဖြစ်သော သေဆုံးသူ(၁၁)ဦး တို့အတွက် တစ်ဦးလျှင် (၃၀၀,၀၀၀/-) ကျပ်နှုန်းဖြင့် ထောက်ပံ့ငွေ စုစုပေါင်း (၃,၃၀၀,၀၀၀/-)ကျပ်အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက (၃-၄-၂၀၁၇)ရက်နေ့ (၁၇:၀၀)နာရီအချိန်တွင် ကျန်ရစ်သူမိသားစုများသို့ ထောက်ပံ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ Source : မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

  • မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချ ထားရေးဦးစီးဌာန မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၃-၂၀၁၇) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ကျွဲထိကျေးရွာအနောက်ပိုင်း အိမ်ရှင်ဦးပေါက်တူး၊ (၄၂နှစ်)၊ နေအိမ်တွင် ထမင်းအိုးချက်ပြီး အပြင်သို့ခေတ္တသွားခဲ့ရာ မီးဖိုအနီးရှိနေအိမ်ထရံအား ကူးစက်လောင်ကျွမ်းခဲ့ပါသည်။ မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ (၁) လုံးအား ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး ဖျက်ဆီးအိမ်ခြေ (၃) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးတို့အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ ကျွဲထိကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ (၃၁-၃-၂၀၁၇) ရက်နေ့တွင် လွှဲပြောင်းထောက်ပ့ံပေးခဲ့ပြီး ရန်ပုံငွေများကို … Read more

  • သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးလုပ်ငန်းများတွင် အရပ်ဘက်-စစ်ဘက် ပူးပေါင်းဆောင်ရွက်ရေးအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲသို့ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြား မှုသတင်း

    နေပြည်တော်၊ ၃၀-၃-၂၀၁၇ ပြည်သူ့အစိုးရသစ်အနေဖြင့် ပြည်သူများလွတ်လပ် လုံခြုံစွာဖွံ့ဖြိုးတိုးတက်ရေးကိုရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ငြိမ်းချမ်းရေးသည် အရေးကြီးပါကြောင်း၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို သဘာဝဘေးနှင့် ပဋိပက္ခများကြောင့် ဖြစ် သော ဘေးအန္တရာယ်များကလည်း အဟန့်အတားဖြစ်စေသည့်အတွက် ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းမှုနှင့် သဘာဝဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများကိုဦးစားပေးဆောင်ရွက်ဖို့ လိုပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့် ရက် (၁၀၀) စီမံချက်အလွန်တွင် ပြည်သူအကျိုး ပိုမိုထိရောက် စွာဆောင်ရွက်နိုင်ရန်နည်းလမ်းများကို ဖော်ထုတ်ခဲ့ပါကြောင်း၊ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍လည်း သဘာဝဘေးအန္တရာယ်ဆိုင် ရာ စီမံခန့်ခွဲမှုကော်မတီနှင့် လုပ်ငန်းကော်မတီ (၁၂) ရပ်ကိုဖွဲ့စည်းပြီး ပိုမိုကောင်းမွန်သောစီမံခန့်ခွဲမှုစနစ်များကို ကျင့်သုံးဆောင်ရွက်လျက်ရှိပါ ကြောင်း၊ သဘာဝဘေးကြိုတင် … Read more

Sign Up

Upcoming Events