လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချ ထားရေးဦးစီးဌာန မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၃-၂၀၁၇) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ကျွဲထိကျေးရွာအနောက်ပိုင်း အိမ်ရှင်ဦးပေါက်တူး၊ (၄၂နှစ်)၊ နေအိမ်တွင် ထမင်းအိုးချက်ပြီး အပြင်သို့ခေတ္တသွားခဲ့ရာ မီးဖိုအနီးရှိနေအိမ်ထရံအား ကူးစက်လောင်ကျွမ်းခဲ့ပါသည်။ မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ (၁) လုံးအား ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး ဖျက်ဆီးအိမ်ခြေ (၃) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးတို့အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ ကျွဲထိကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ (၃၁-၃-၂၀၁၇) ရက်နေ့တွင် လွှဲပြောင်းထောက်ပ့ံပေးခဲ့ပြီး ရန်ပုံငွေများကို ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူး (ကဆရ)