Author Archives: Aye Kyimann
-
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၌ ဖြစ်ပွားသော လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၅-၂၀၁၇) ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သော မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်ရှိ အိမ်ထောင်စု (၁၂) စု၊ လူဦးရေ (၅၄) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇၂၀,၀၀၀/-)၊ ဆန်ရိက္ခာဖိုးငွေ (၁၁၃,၄၀၀/-)၊ စုစုပေါင်းကျပ် (၈၃၃,၄၀၀/-) နှင့် ပြိုလဲအိမ်များအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၉) မျိုး (၆) အိမ်ထောင်စာ၊ အမိုးလန် အိမ်များအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၆) အိမ်ထောင်စာတို့အား (၁၁-၅-၂၀၁၇) ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ လေဘေးသင့် … Read more
-
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ တောင်ကြားကျေးရွာ၌ ဖြစ်ပွားသော လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၁၇) ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ တောင်ကြားကျေးရွာမှ ပြိုကျအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀၀၀၀/-) နှင့် ကယ်ဆယ်ရေး ပစ္စည်း (၉) မျိုး (၃) အိမ်ထောင်စာ၊ ခေါက်ဆွဲခြောက် (၃) ဖာအား (၁၀-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်း ဖြစ်ပွားသော လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် (၅-၅-၂၀၁၇) ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်းရှိ လေဘေးသင့်အိမ်ထောင်စု (၁၈၆) စု၊ လူဦးရေ (၉၂၀) ဦး၊ သေဆုံး (၂) ဦး ဘာသာရေးအဆောက်အဦ (၃) လုံးတို့ အတွက် ထောက်ပံငွေနှင့်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို (၉-၅-၂၀၁၇) ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်၌ ရွှေကူမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။ ထိုအခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဇာနည်မင်းက အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်ဦးစီးမှူးက ထောက်ပံ့ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ … Read more
-
လွိုင်ကော်မြို့နယ်၊ နွားလဝိုးကျေးရွာအုပ်စုနှင့် လွိုင်လင်လေးကျေးရွာအုပ်စုရှိ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၅-၂၀၁၇) ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် အမိုးလန် တစိတ်တပိုင်း ပျက်စီးသွားသည့် လွိုင်ကော်မြို့နယ်၊ နွားလဝိုးကျေးရွာအုပ်နှင့် လွိုင်လင်လေးကျေးရွာအုပ်စုရှိ အိမ်ထောင်စု (၃၈) စု လူဦးရေ (၂၀၆) ဦး အတွက် ရန်ပုံငွေ (၂၈၂၇၆၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၃၈) အိမ်ထောင်စာကို (၉-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအကောင် အထည်ဖော်မှု ပဉ္စမနှင့်ဆဌမအကြိမ် ပူးတွဲအစီရင်ခံစာ (မူကြမ်း) အပေါ် အကြံပြုသုံးသပ်ဆွေးနွေးပွဲကျင်းပမှုသတင်း
၉-၅-၂၀၁၇၊ နေပြည်တော် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအကောင်အထည်ဖော်မှု ပဉ္စမနှင့်ဆဌမအကြိမ် ပူးတွဲအစီရင်ခံစာ (မူကြမ်း) အပေါ် အကြံပြုသုံးသပ်ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်တွင် ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားပါ သည်။ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အဖွဲ့ဝင် နိုင်ငံအဖြစ် ၁၉၉၁ ခုနှစ်တွင် ဝင်ရောက်ခဲ့ပြီး ကွန်ဗင်းရှင်းပါ ကလေးသူငယ်များ၏ အခွင့်အရေး (၄) ရပ်ကို ဖော်ဆောင်လျက်ရှိပါကြောင်း၊ ထို့ အပြင် အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးနှင့် … Read more
-
ကမ်းပြိုဘေးဖြစ်ပွားမှုကြောင့် ပြောင်းရွှေ့ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၅-၂၀၁၇) ရက်နေ့မှ (၆-၅-၂၀၁၇) ရက်နေ့ထိ ဧရာဝတီမြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွှေ့ခဲ့ရသော အိမ်ခြေ (၈) လုံး၊ လူဦးရေ (၃၀) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း၊ အိမ်ဆောက်ပစ္စည်းဖိုး (၈၀၀၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုး (၆၃၀၀၀/-) ကျပ်တို့ကို (၉-၅-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
မကွေးမြို့နယ်၊ ကြာကန်ရွာ (မြောက်ပိုင်း) ဦးကျော်စိန်တဲတိုင်၊ ဒေါ်ဖွားကင်း တဲတိုက်နှင့် ဗိုလ်တဲ တဲတိုက်ရှိ ပြည်သူများအတွက် သောက်သုံး ရေဖြန့်ဝေပေး မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၁၇) ရက်နေ့တွင် မကွေးမြို့နယ် ကြာကန်ရွာ (မြောက်ပိုင်း) ဦးကျော်စိန်တဲတိုင်၊ ဒေါ်ဖွားကင်းတဲတိုက်နှင့် ဗိုလ်တဲတဲတိုက် စုစုပေါင်းအိမ်ခြေ (၃၂၀)၊ စုစုပေါင်းအိမ်ထောင်စု (၃၃၀) စုစုပေါင်းလူဦးရေ (၆၄၀၀) ဦး အတွက် သောက်သုံးရေဂါလံ (၆၄၀၀) ကို (၁၁း၀၀)နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ငါးရန့်ချောင်းကျေးရွာ အုပ်စု၊ တောင်ကျောင်းကျေးရွာ၌ မုန်တိုင်းဇာတ်တိုက်လေ့ကျင့်ခန်း ဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ငါးရန့်ချောင်းကျေးရွာအုပ်စု၊ တောင်ကျောင်းကျေးရွာ၌ ငပုတောမြို့နယ်၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီ၊YMCA နှင့် CWS အဖွဲ့တို့ပူးပေါင်း၍ မုန်တိုင်းဇာတ်တိုက်လေ့ကျင့်ခန်းအား တောင်ကျောင်းကျေးရွာရှိ အလက (ခွဲ) ကျောင်းတွင် ကျေးရွာဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် ကျင်းပပြုလုပ်ခဲ့ရာ တောင်ကျောင်းကျေးရွာနှင့် ကျောက်ရေတွင်းကျေးရွာများမှ ကျေးရွာသူ၊ ကျေးရွာသားအင်အား စုစုပေါင်း (၁၅၀) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ကမ်းပြိုဘေးဖြစ်ပွားမှုကြောင့် ပြောင်းရွှေ့ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၅-၂၀၁၇) မှ (၇-၅-၂၀၁၇) ရက်နေ့ထိ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ဗလဗကျေးရွာအုပ်စု၊ ဗလဗကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပွားရာ ပြောင်းရွှေ့အိမ်ခြေ (၇) လုံး၊ အိမ်ထောင်စု (၇) စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ လူဦးရေ (၃၃) ဦးတို့အတွက် ဆန်ရိက္ခာ (၇) ရက်စာ (၆၉၃၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇၀၀၀၀၀/-) ကျပ်၊ စုစုပေါင်း (၇၆၉၃၀၀/-) ကျပ်အား ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ဘေးသင့်ပြည်သူများသို့ … Read more
-
မိုးကြိုးဘေးအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၅-၂၀၁၇) ရက်နေ့တွင် ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ လယ်မကျေးရွာ၌ မိုးကြိုးစက်ကွင်းမိ၍သေဆုံးသူ (၄) ဦးအတွက် (၁၂၀၀၀၀၀/-) ကျပ် ဒဏ်ရာရ၍ ဆေးကုသမှုခံယူနေသူ (၁) ဦးအတွက် (၅၀၀၀၀/-) ကျပ်၊ စုစုပေါင်း (၁၂၅၀၀၀၀/-) ကျပ်တို့အား ပေါက်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ မိုးကြိုးစက်ကွင်းမိ၍ သေဆုံးသူတို့၏ ကျန်ရစ်သူမိသားစုများထံသို့ (၈-၅-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ)
