ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ငါးရန့်ချောင်းကျေးရွာအုပ်စု၊ တောင်ကျောင်းကျေးရွာ၌ ငပုတောမြို့နယ်၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီ၊YMCA နှင့် CWS အဖွဲ့တို့ပူးပေါင်း၍ မုန်တိုင်းဇာတ်တိုက်လေ့ကျင့်ခန်းအား တောင်ကျောင်းကျေးရွာရှိ အလက (ခွဲ) ကျောင်းတွင် ကျေးရွာဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် ကျင်းပပြုလုပ်ခဲ့ရာ တောင်ကျောင်းကျေးရွာနှင့် ကျောက်ရေတွင်းကျေးရွာများမှ ကျေးရွာသူ၊ ကျေးရွာသားအင်အား စုစုပေါင်း (၁၅၀) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)