ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၅-၂၀၁၇) ရက်နေ့တွင် ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ လယ်မကျေးရွာ၌ မိုးကြိုးစက်ကွင်းမိ၍သေဆုံးသူ (၄) ဦးအတွက် (၁၂၀၀၀၀၀/-) ကျပ် ဒဏ်ရာရ၍ ဆေးကုသမှုခံယူနေသူ (၁) ဦးအတွက် (၅၀၀၀၀/-) ကျပ်၊ စုစုပေါင်း (၁၂၅၀၀၀၀/-) ကျပ်တို့အား ပေါက်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ မိုးကြိုးစက်ကွင်းမိ၍ သေဆုံးသူတို့၏ ကျန်ရစ်သူမိသားစုများထံသို့ (၈-၅-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ)