လွိုင်ကော်မြို့နယ်၊ နွားလဝိုးကျေးရွာအုပ်စုနှင့် လွိုင်လင်လေးကျေးရွာအုပ်စုရှိ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

11_Pic_01
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၅-၂၀၁၇) ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် အမိုးလန် တစိတ်တပိုင်း ပျက်စီးသွားသည့် လွိုင်ကော်မြို့နယ်၊ နွားလဝိုးကျေးရွာအုပ်နှင့် လွိုင်လင်လေးကျေးရွာအုပ်စုရှိ အိမ်ထောင်စု (၃၈) စု လူဦးရေ (၂၀၆) ဦး အတွက် ရန်ပုံငွေ (၂၈၂၇၆၀၀/-)  ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၃၈) အိမ်ထောင်စာကို (၉-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:  ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events