ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် (၅-၅-၂၀၁၇) ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်းရှိ လေဘေးသင့်အိမ်ထောင်စု (၁၈၆) စု၊ လူဦးရေ (၉၂၀) ဦး၊ သေဆုံး (၂) ဦး ဘာသာရေးအဆောက်အဦ (၃) လုံးတို့ အတွက် ထောက်ပံငွေနှင့်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို (၉-၅-၂၀၁၇) ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်၌ ရွှေကူမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။ ထိုအခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဇာနည်မင်းက အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်ဦးစီးမှူးက ထောက်ပံ့ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များအကြောင်း ဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ထောက်ပံ့ငွေနှင့်ပစ္စည်းများကိုပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်ဦးစီးမှူး၊ ခရိုင်ဦးစီးမှူးမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့ဝင်များက ပေးအပ်ခဲ့ပါသည်။ အိမ်ဆောက်ပစ္စည်းဖိုး (၁၈၉၀၀၀၀၀/-)၊ သေဆုံး (၂) ဦးအတွက် (၆) သိန်း၊ ဆန်ဖိုး (၁၉၃၂၀၀၀/-)၊ ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၁၇၀) အိမ်ထောင်စုစာနှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁၆) အိမ်ထောင်စုစာတို့အတွက် ထောက်ပံ့မှု စုစုပေါင်းမှာ (၂၁၄၃၂၀၀၀/-) တို့အား ထောက်ပံ့ခဲ့ပါသည်။ ၎င်းနောက်ရွှေကူမြို့နယ်တွင် သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်ဦးစီးမှူး၊ မြို့နယ်အုပ်ချုပ် ရေးမှူးတို့နှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ကဆရ)