ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၁၇) ရက်နေ့တွင် မကွေးမြို့နယ် ကြာကန်ရွာ (မြောက်ပိုင်း) ဦးကျော်စိန်တဲတိုင်၊ ဒေါ်ဖွားကင်းတဲတိုက်နှင့် ဗိုလ်တဲတဲတိုက် စုစုပေါင်းအိမ်ခြေ (၃၂၀)၊ စုစုပေါင်းအိမ်ထောင်စု (၃၃၀) စုစုပေါင်းလူဦးရေ (၆၄၀၀) ဦး အတွက် သောက်သုံးရေဂါလံ (၆၄၀၀) ကို (၁၁း၀၀)နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)