မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၌ ဖြစ်ပွားသော လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

11_Pic_02

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၇-၅-၂၀၁၇) ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သော မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်ရှိ အိမ်ထောင်စု (၁၂) စု၊ လူဦးရေ (၅၄) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇၂၀,၀၀၀/-)၊ ဆန်ရိက္ခာဖိုးငွေ (၁၁၃,၄၀၀/-)၊ စုစုပေါင်းကျပ် (၈၃၃,၄၀၀/-) နှင့် ပြိုလဲအိမ်များအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၉) မျိုး (၆) အိမ်ထောင်စာ၊ အမိုးလန် အိမ်များအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၆) အိမ်ထောင်စာတို့အား (၁၁-၅-၂၀၁၇) ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ လေဘေးသင့် ဒေသများသို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:      မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events