Author Archives: Aye Kyimann

  • ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကသာခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာခရိုင်၊ ကသာမြို့နယ်၊ မိုးတားလေးကျေးရွာ၌ (၇-၆-၂၀၁၇) ရက်နေ့နှင့် (၉-၆-၂၀၁၇) ရက်နေ့များတွင် ဧရာဝတီမြစ်ရေမြင့်တက်လာခြင်းကြောင့် ကမ်းပြိုပြီး ထပ်မံပြောင်းရွှေ့အိမ်ထောင်စု (၂) စုတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုးနှင့်အတူ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀/-) ကျပ်တို့အား (၁၁-၆-၂၀၁၇) နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:     ကသာခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်အဖွဲ့နှင့် ပူးပေါင်း၍ အသိပညာပေးဆွေးနွေးဟောပြောပွဲပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ရွှေကူမြို့နယ် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်အဖွဲ့တို့ပူးပေါင်း၍ (၁၀-၆-၂၀၁၇) ရက်နေ့တွင် ပြီးခဲ့သည့်  ဧပြီလနှင့် မေလအတွင်း လေပြင်းဘေးဒဏ်ခံစားခဲ့ရသည့် ကျေးရွာများဖြစ်သော ရွှေကူလေးကျေးရွာ၊ တောပုန်းကျေးရွာနှင့် ငါးဘတ်ကြီးကျေးရွာတို့တွင် လေပြင်းဘေးကြိုတင် ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲများ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ရွာ (၃) ရွာတွင် လေပြင်းဘေးကြိုတင်ကာကွယ်ရေးနှင့်စပ်လျဉ်း၍ ပြည်သူတို့ပန်ကြားချက်နှင့် မီးဘေးကြိုတင်ကာကွယ်ရေး မြေစိုက်ပိုစတာများ စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:     ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

  • အဝီစိရေတွင်းတူးဖော်ရန်အတွက် ထောက်ပံံ့ငွေပေးအပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်ခရိုင်၊ သရက်မြို့နယ်၊ သပြေစမ်း ကျေးရွာ၌ သောက်သုံးရေအခက်အခဲဖြစ်ပေါ်မှုအတွက် အဝီစိရေတွင်းတူးဖော်ရန်အတွက် ထောက်ပံံ့ငွေ (၂၉၈၉၇၅၀/-) ကျပ်အား (၉-၈-၂၀၁၇ ) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:   သရက်ခရိုင်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ကျင်းပမှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀-၆-၂၀၁၇) ရက်နေ့၊ နံနက် (၉း၀၀) နာရီတွင် မိုင်းဖြတ်မြို့နယ်၊ ယမ်းခမ်းကျေးရွာရှိ ရပ်ကွက်သူ/သားများ စုစုပေါင်း (၈၅) ဦးခန့်အား သဘာဝဘေး အသိပညာပေးဟော ပြောပွဲပြုလုပ်၍ နံရံကပ်ပိုစတာပေးအပ်ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။ နေ့လယ် (၁၂း၀၀) နာရီတွင် မိုင်းဖြတ်မြို့နယ်၊ ပါထွန်း ကျေးရွာရှိ ရပ်ကွက်သူ/ရပ်ကွက်သား (၈၀) ဦးခန့်အား သဘာဝဘေး အသိပညာပေးဟောပြောပွဲပြုလုပ်၍ နံရံကပ်ပိုစတာများပေးအပ်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ Source:   မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ကျင်းပမှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၆-၂၀၁၇) ရက်နေ့၊ နံနက် ၁၀ နာရီတွင် မိုင်းဖြတ်မြို့နယ် အထက (မိုင်းဖြတ်) စာသင်ကျောင်းတွင် ဆရာ/ဆရာမ နှင့် ကျောင်းသားဦးရေ (၁၅၀) ခန့်အား လက်ကမ်းစာ စောင်များဖြန့်ဝေပေးပြီး ကျောင်းအုပ်ကြီးအား နံရံကပ်ပိုစတာများပေးအပ်ခဲ့ပါသည်။ ညနေ (၁း၀၀) နာရီအချိန်တွင် မိုင်းဖြတ်မြို့ရှိ အ.လ.က(ခွဲ) စာသင်ကျောင်းတွင် ကျောင်းသားဦးရေ (၈၀) ခန့်အား သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေ ပေးကာ ကျောင်းအုပ်ကြီးအား နံရံကပ်ပိုစတာများပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:   မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၆-၂၀၁၇) ရက်နေ့တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ လွိုင်ကော်မြို့ နည်းပညာတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ များအား သဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်းသည့်အကြောင်းအရာများဆွေးနွေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။ Source:   ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

  • မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းပြီးစီးမှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် UN-HABITAT အဖွဲ့တို့နှင့် ပူးပေါင်း၍ ရွှေပြည်သာမြို့နယ်၊ မြို့ဦးစေတီအနီးရှိ သာသနာ့ဗိမ္မာန်တွင် (၅-၆-၂၀၁၇) ရက်နေ့မှ (၉-၆-၂၀၁၇) ရက်နေ့အထိ မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု သင်တန်းအားပြုလုပ်ခဲ့ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာ (၁၈) ဦး၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကိုယ်စားလှယ်အပါ (၁၂) ဦး ၊စုစုပေါင်း (၃၀) ဦးဖြင့် (၅) ရက်ကြာဖွင့်လှစ်ခဲ့ပြီး ညနေ (၁၅း၀၀) နာရီတွင် သင်တန်းပြီးဆုံးကာ သင်တန်းဆင်း ဂုဏ်ပြုလက်မှတ်များ သက်ဆိုင်ရာတာဝန်ခံများမှ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:  ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

  • သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောက်ဦးမြို့နယ်၊ မဟာထီးကျေးရွာ အုပ်စုမဟာထီးကျေးရွာတွင် သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲအား (၉-၆-၂၀၁၇) ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ ရာ ကျေးရွာသူ၊ ကျေးရွာသား စုစုပေါင်း (၁၀၂) ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးမကျရောက်မီ၊ ကျရောက်နေစဉ်၊ ကျရောက်ပြီး နောက်ဆောင်ရွက်ရမည့် ဆောင်ရန်၊ရှောင်ရန်များကို ရှင်းလင်ပြောပြပေးခြင်း၊ လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများဖြန့်ဝေပေးခြင်းနှင့် အချိုရည်ဗူးများပေးခြင်း စသည့်တို့ကိုဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:  မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • လေဘေးအတွက် ထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘူးသီးတောင်မြို့နယ် (၂၉ -၅ -၂၀၁၇) ရက်နေ့မှ (၃၀-၅-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားသော လေဘေးသင့်ကျေးရွာအုပ်စု (၇) စု မှ လုံးဝပြိုကျအိမ် (၅၂) လုံးအတွက် (၅၂၀၀၀၀၀/-) ကျပ် တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ် (၁၁၇) လုံးအတွက် (၃၅၄၀၀၀၀/-) ကျပ်၊ စုစုပေါင်း (၈၇၄၀၀၀၀/-) ကျပ်အား့ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ (၉-၆-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:  မောင်တောခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events