ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကသာခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာခရိုင်၊ ကသာမြို့နယ်၊ မိုးတားလေးကျေးရွာ၌ (၇-၆-၂၀၁၇) ရက်နေ့နှင့် (၉-၆-၂၀၁၇) ရက်နေ့များတွင် ဧရာဝတီမြစ်ရေမြင့်တက်လာခြင်းကြောင့် ကမ်းပြိုပြီး ထပ်မံပြောင်းရွှေ့အိမ်ထောင်စု (၂) စုတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုးနှင့်အတူ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀/-) ကျပ်တို့အား (၁၁-၆-၂၀၁၇) နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကသာခရိုင်ဦးစီးမှူးရုံး (ကဆရ)