ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ရွှေကူမြို့နယ် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်အဖွဲ့တို့ပူးပေါင်း၍ (၁၀-၆-၂၀၁၇) ရက်နေ့တွင် ပြီးခဲ့သည့် ဧပြီလနှင့် မေလအတွင်း လေပြင်းဘေးဒဏ်ခံစားခဲ့ရသည့် ကျေးရွာများဖြစ်သော ရွှေကူလေးကျေးရွာ၊ တောပုန်းကျေးရွာနှင့် ငါးဘတ်ကြီးကျေးရွာတို့တွင် လေပြင်းဘေးကြိုတင် ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲများ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ရွာ (၃) ရွာတွင် လေပြင်းဘေးကြိုတင်ကာကွယ်ရေးနှင့်စပ်လျဉ်း၍ ပြည်သူတို့ပန်ကြားချက်နှင့် မီးဘေးကြိုတင်ကာကွယ်ရေး မြေစိုက်ပိုစတာများ စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)