ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၆-၂၀၁၇) ရက်နေ့၊ နံနက် ၁၀ နာရီတွင် မိုင်းဖြတ်မြို့နယ် အထက (မိုင်းဖြတ်) စာသင်ကျောင်းတွင် ဆရာ/ဆရာမ နှင့် ကျောင်းသားဦးရေ (၁၅၀) ခန့်အား လက်ကမ်းစာ စောင်များဖြန့်ဝေပေးပြီး ကျောင်းအုပ်ကြီးအား နံရံကပ်ပိုစတာများပေးအပ်ခဲ့ပါသည်။ ညနေ (၁း၀၀) နာရီအချိန်တွင် မိုင်းဖြတ်မြို့ရှိ အ.လ.က(ခွဲ) စာသင်ကျောင်းတွင် ကျောင်းသားဦးရေ (၈၀) ခန့်အား သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေ ပေးကာ ကျောင်းအုပ်ကြီးအား နံရံကပ်ပိုစတာများပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)