ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀-၆-၂၀၁၇) ရက်နေ့၊ နံနက် (၉း၀၀) နာရီတွင် မိုင်းဖြတ်မြို့နယ်၊ ယမ်းခမ်းကျေးရွာရှိ ရပ်ကွက်သူ/သားများ စုစုပေါင်း (၈၅) ဦးခန့်အား သဘာဝဘေး အသိပညာပေးဟော ပြောပွဲပြုလုပ်၍ နံရံကပ်ပိုစတာပေးအပ်ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။ နေ့လယ် (၁၂း၀၀) နာရီတွင် မိုင်းဖြတ်မြို့နယ်၊ ပါထွန်း ကျေးရွာရှိ ရပ်ကွက်သူ/ရပ်ကွက်သား (၈၀) ဦးခန့်အား သဘာဝဘေး အသိပညာပေးဟောပြောပွဲပြုလုပ်၍ နံရံကပ်ပိုစတာများပေးအပ်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)