Author Archives: Aye Kyimann

  • ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ မီးလောင်ကျွန်းကျေးရွာအုပ်စု၊ ပေါက်တောကျွန်းကျေးရွာနှင့် မီးလောင်ကျွန်းကျေးရွာတို့၌ (၂၂-၁၀-၂၀၁၇) ရက်နေ့ ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့်၊ ကမ်းပြိုမှုဖြစ်ပွားခဲ့ရာ ကမ်းပြိုဘေးသင့် အိမ်ခြေ(၇)လုံး၊ လူဦးရေ(၄၃)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာ (၉၀၃၀၀/-)၊ အိမ်ထောင်စု (၇)စုစာ ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇၀၀၀၀၀/-)၊ စုစုပေါင်း(၇၉၀၃၀၀/-)နှင့် နွယ်နီကျေးရွာအုပ်စု၊ နွယ်နီကျွန်းကျေးရွာ(၂၂-၁၀-၂၀၁၇)ရက်နေ့ ချင်းတွင်း မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပွားခဲ့ရာ ကမ်းပြိုဘေးသင့်အိမ်ခြေ(၃)လုံး၊ လူဦးရေ(၁၄)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာ(၂၉၄၀၀/-)၊ အိမ်ထောင်စု(၃)စုစာ ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ … Read more

  • သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲအား (၂၆-၁၀-၂၀၁၇)ရက်နေ့တွင် နမ့်ဆန်မြို့နယ်၊ မင်္ဂလာရပ်ကွက်မြို့မဂိုဏ်းချုပ်ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့ရာ လူဦးရေ စုစုပေါင်း (၁၈၀)ဦးခန့်တက်ရောက်ခဲ့ပြီး အဆိုပါ ဟောပြောပွဲတွင် ငလျင်ဘေး၊မိုးကြိုးဘေး၊ လေဘေး၊ မြေပြိုဘေး၊ မီးဘေး အစရှိသည့်ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် အကြောင်းအရာများအား ဘေးမ ဖြစ်ပွားမီ ဖြစ်ပွားနေစဉ် ဖြစ်ပွားပြီးနောက် ဆောင်ရန်/ရှောင်ရန် လိုက်နာဆောင်ရွက်ရမည့်အချက်များ ဆွေးနွေးခဲ့ပါသည်။ ထို့ပြင်  DAN MOBILE APPLICATION နှင့်ပတ်သက်သည့်အကြောင်းအရာများကိုလည်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ဘေး(၆)မျိုးပါ လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း … Read more

  • သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲအား (၂၆-၁၀-၂၀၁၇)ရက်နေ့တွင် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၂၀)ဦး ခန့်တက်ရောက်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသား၊ ကျောင်းသူများအား လက်ကမ်းစာစောင်နှင့် နံရံကပ်ပိုစတာဖြန့်ဝေပေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:    ပခုက္ကူခရိုင်ဦးစီးမှူးရံုး(ကဆရ)

  • “သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်နည်းပြသင်တန်း” ဖွင့်လှစ်ကျင်းပမှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မန္တလေးမြို့၊ Community Center တွင် “သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း လူငယ်နည်းပြသင်တန်း”အား (၂၄-၁၀-၂၀၁၇) ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းသား ၊သင်တန်းသူ စုစုပေါင်း (၆၀)ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၂၄-၁၀-၂၀၁၇)ရက်နေ့မှ (၃၀-၁၀-၂၀၁၇)ရက်နေ့အထိ (၇)ရက်တာ ကြာမြင့်မည်ဖြစ်ပါသည်။ ထိုသင်တန်းဖွင့်ပွဲသို့  သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးမှ တက်ရောက်ချီးမြှင့်ဂုဏ်ပြုပေးလျက် ရှိကြောင်း သတင်းရရှိပါသည်။ Source:    မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

  • ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့်ရန်ပုံငွေထောက်ပံ့ပြီးစီးမှုသတင်း

    ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ခွေးတောက်ချောင်းကျေးရွာအုပ်စု၊ နံကပ်ကျေးရွာ၌ (၁၂-၁၀-၂၀၁၇) ရက်နေ့တွင်ဖြစ်ပွားခဲ့သော ကမ်းပြိုဘေး ကြောင့် ပြောင်းရွှေ့ခဲ့ရသည့် ဘေးသင့်နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၅)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄)မျိုး (၁)အိမ်ထောင်စုစာ၊ ဆန်ရိက္ခာ (၇)ရက်စာ ရန်ပုံငွေ (၁၀၅၀၀/-)၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-)၊ စုစုပေါင်းရန်ပုံငွေ (၁၁၀၅၀၀ိ/-)နှင့် စစ်ကုန်းကျေးရွာအုပ်စု၊ ကျွန်းကြီးကျေးရွာနှင့် ရွှေပြည်သာ ကျေးရွာတို့၌ (၁၄-၁၀-၂၀၁၇) ရက်နေ့တွင်ဖြစ်ပွားခဲ့သော ဖြစ်ပွားသော ကမ်းပြိုဘေးများကြောင့် ပြောင်းရွှေ့ခဲ့ရသည့် ဘေးသင့်နေအိမ်(၁၁)လုံး၊ အိမ်ထောင်စု(၁၁)စုမှ လူဦးရေ(၃၆)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄)မျိုး (၁၁)အိမ်ထောင်စုစာ၊ ဆန်ရိက္ခာ(၇)ရက်စာ … Read more

  • မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်မှုသတင်း

    ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ခရိုင်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ BRACE, UN-Habitat, RIMES, Actionaid Myanmar, MOBO, Myanmar Rescue တို့နှင့်ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေး အကြိုအထိမ်းအမှတ်အဖြစ် မုန်တိုင်းသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းကို (၁၂-၁၀-၂၀၁၇) ရက်နေ့တွင် လပွတ္တာမြို့နယ်၊ သင်္ဃန်းကြီးကျေးရွာအုပ်စု၊ ဇင်ရွဲလေးကျေးရွာ (Cyclone Shelter)၌ ကျင်းပရာ ဌာနဆိုင်ရာနှင့် ပြည်သူစုစုပေါင်း (၄၀၀) ဦးခန့်ပါဝင်ခဲ့ကြောင်း သိရှိရပါသည်။ Source:  လပွတ္တာခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events