ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့်ရန်ပုံငွေထောက်ပံ့ပြီးစီးမှုသတင်း

23_Pic_02

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ခွေးတောက်ချောင်းကျေးရွာအုပ်စု၊ နံကပ်ကျေးရွာ၌ (၁၂-၁၀-၂၀၁၇) ရက်နေ့တွင်ဖြစ်ပွားခဲ့သော ကမ်းပြိုဘေး ကြောင့် ပြောင်းရွှေ့ခဲ့ရသည့် ဘေးသင့်နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၅)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄)မျိုး (၁)အိမ်ထောင်စုစာ၊ ဆန်ရိက္ခာ (၇)ရက်စာ ရန်ပုံငွေ (၁၀၅၀၀/-)၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-)၊ စုစုပေါင်းရန်ပုံငွေ (၁၁၀၅၀၀ိ/-)နှင့် စစ်ကုန်းကျေးရွာအုပ်စု၊ ကျွန်းကြီးကျေးရွာနှင့် ရွှေပြည်သာ ကျေးရွာတို့၌ (၁၄-၁၀-၂၀၁၇) ရက်နေ့တွင်ဖြစ်ပွားခဲ့သော ဖြစ်ပွားသော ကမ်းပြိုဘေးများကြောင့် ပြောင်းရွှေ့ခဲ့ရသည့် ဘေးသင့်နေအိမ်(၁၁)လုံး၊ အိမ်ထောင်စု(၁၁)စုမှ လူဦးရေ(၃၆)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄)မျိုး (၁၁)အိမ်ထောင်စုစာ၊ ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၇၅၆၀၀/-)၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၁၀၀၀၀၀/-)၊ စုစုပေါင်းရန်ပုံငွေ (၁၁၇၅၆၀၀/-)အား  (၂၂-၁၀-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ခိုင်၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးသန်းစိုး(ညွှန်ကြားရေးမှူး)နှင့် တာဝန်ရှိသူများ၊ အင်္ဂပူမြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးနှင့် ဟင်္သာတခရိုင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ညောင်ကျိုးအုပ်စု၊ နန္ဒာရာမပရိယတ္တိစာသင်တိုက်ကျောင်းတွင် ဘေးသင့် ပြည်သူများအား ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း တင်ပြအပ်ပါသည်။

Source:    ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events