ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မန္တလေးမြို့၊ Community Center တွင် “သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း လူငယ်နည်းပြသင်တန်း”အား (၂၄-၁၀-၂၀၁၇) ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းသား ၊သင်တန်းသူ စုစုပေါင်း (၆၀)ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၂၄-၁၀-၂၀၁၇)ရက်နေ့မှ (၃၀-၁၀-၂၀၁၇)ရက်နေ့အထိ (၇)ရက်တာ ကြာမြင့်မည်ဖြစ်ပါသည်။ ထိုသင်တန်းဖွင့်ပွဲသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးမှ တက်ရောက်ချီးမြှင့်ဂုဏ်ပြုပေးလျက် ရှိကြောင်း သတင်းရရှိပါသည်။
Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)