Author Archives: Aye Kyimann

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၁-၂၀၁၈) ရက်တွင် ကော့သောင်းမြို့၊ ပုလုံးတုံတုံးကျေးရွာ၌ ကျေးရွာသူ၊ ကျေးရွာသား စုစုပေါင်း (၁၂၀) ဦးအား သဘာဝဘေး အသိပညာပေးဆွေးနွေးဟောပြောပြီး လက်ကမ်းစာစောင်များဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:    ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • သဘာဝဘေးအန္တရာယ်ရင်ဆိုင်တုံ့ပြန်ရန် အဆင်သင့်ဖြစ်စေရေး ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး မကွေးတိုင်းဒေသကြီးတွင် ညှိနှိုင်းဆောင်ရွက်မှုသတင်း

    ၂၇-၁-၂၀၁၈၊ မကွေး သဘာဝဘေးအန္တရာယ်ရင်ဆိုင်တုံ့ပြန်ရန်အဆင်သင့်ဖြစ်စေရေး ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများဆောင်ရွက်ရန် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားပါသည်။ `    ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ်ကြိုတင် ပြင်ဆင်ရေး၊ တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လူမှု အဖွဲ့အစည်းများ၊ ပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ်ကျရောက်သည့်နိုင်ငံ တစ်နိုင်ငံဖြစ်ရာ သဘာဝဘေးဒဏ်ကို ကြံ့ကြံ့ခံ … Read more

  • မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားသော ဇေယျာသီရိမြို့နယ်၊ ကျည်ထောင်ကျေးရွာအုပ်စု ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်းဝန်းအတွင်းရှိ (၆)ခန်းတွဲအိမ်ရာ၌ဖြစ်ပွားသော မီးဘေးသင့်အိမ်ထောင်စု(၆)စု အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးနှင့် လူဦးရေ(၃၀)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၆၃၀၀၀/-)ကျပ်အား ကွင်းဆင်းထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:  နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ)

  • မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည် နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁-၂၀၁၈)ရက်နေ့တွင် သံဖြူဇရပ်မြို့နယ်၊ စက်သစ်ရပ်ကွက်တွင် မီးလောင်မှုဖြစ်စဉ်ဖြစ်ပွား ခဲ့ရာနေအိမ် (၂)လုံးပျက်စီးခဲ့ပြီး ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၂)အိမ်ထောင်စာ တန်ဖိုးငွေ (၇၇၇၀၆/-)ကျပ်၊ Family Kit (၂)ထုပ် ပလပ်စတစ် ရေပုံး(၄)ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ(၃၀၀၀၀၀/-)ကျပ်၊ လူဦးရေ (၁၂)ဦးအတွက် တစ်ပတ်စာဆန်ဖိုးငွေ(၂၅၂၀၀/-)ကျပ် စုစုပေါင်း(၃၂၅၂၀၀/-) ကျပ်နှင့် လူနေအိမ် တစ်စိတ်တစ်ပိုင်းအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး တစ်အိမ်ထောင်စာ တန်ဖိုးငွေ (၁၈၅၁၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁၀၀၀၀၀/-)ကျပ်၊ လူ(၂)ဦးအတွက် တစ်ပတ်စာဆန်ဖိုးငွေ(၄၂၀၀/-)ကျပ် စုစုပေါင်း (၁၀၄၂၀၀/-) … Read more

  • မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည် နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁-၂၀၁၈) ရက်နေ့ မော်လမြိုင်မြို့၊ သာယာအေးရပ်ကွက် မီးလောင်မှုဖြစ်စဉ်တွင် နေအိမ် (၁)လုံးပျက်စီးခဲ့သည့်အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁)အိမ်ထောင်စာ တန်ဖိုးငွေ (၃၇၃၅၃/-)ကျပ်၊ Family Kit (၁)ထုပ်၊ ပလပ်စတစ်ရေပုံး (၂)ပုံး၊ လူဦးရေ (၄)ဦးအတွက် တစ်ပတ်စာဆန်ဖိုးငွေ (၈၄၀၀/-)ကျပ် စုစုပေါင်း (၂၀၈၄၀၀/-)ကျပ်နှင့် နေအိမ် (၁) လုံး တစ်စိတ်တစ်ပိုင်းအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၁)အိမ်ထောင်စာတန်ဖိုးငွေ (၁၈၅၁၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၁၃)ဦးအတွက် တစ်ပတ်စာဆန်ဖိုးငွေ … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကို (၂၆-၁-၂၀၁၈)ရက်နေ့ နံနက်(၀၉း၃၀)အချိန်မှ (၁၁း၃၀)အချိန်ထိ မြောက်ဦးမြို့နယ်၊ အောက်သားကန်ကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူလူထု စုစုပေါင်း (၁၂၀)ဦးအားလည်းကောင်း၊ နေ့လယ်(၁၃း၀၀)အချိန်မှ (၁၅း၀၀)အချိန်ထိ သံချောင်းရွာသစ်ကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူလူထု စုစုပေါင်း (၁၃၅)ဦးအားလည်းကောင်း ငလျင်ဘေးအပါအဝင် သဘာဝဘေးအန ္တရာယ်နှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို ဟောပြောခြင်း၊ ဘေး(၈)မျိုးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ သဘာဝဘေးနှင့်ပတ်သက်သည့် ဗွီဒီယိုမှတ်တမ်းများပြသခြင်း၊ ပေါင်မုန့်များဝေငှခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:    မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊:    ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁-၂၀၁၇)ရက်နေ့တွင်  ကော့သောင်းမြို့၊ ဆယ်မိုင်အနောက်အုပ်စု အ.ထ.က ခွဲကျောင်း၌ ကျောင်းသား၊ ကျောင်းသူ (၂၀၀) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာများဟောပြော ဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:    ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • ငလျင်ဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁-၂၀၁၈)ရက်နေ့တွင် ပုဗ္ဗသီရိမြို့နယ်၊ ဝဏ္ဏဒီပရပ်ကွက်၊ ဓမ္မရုံ၌နေ့လည်(၁၁း၀၀)မှ(၁၃း၀၀)နာရီချိန်အထိ ရပ်ကွက်သူ၊ ရပ်ကွက်သား စုစုပေါင်း (၁၅၀)ဦးခန့်အား ငလျင်ဘေးအန္တရာယ် အသိပညာပေးဟောပြောပို့ချခဲ့ပြီး တက်ရောက်လာကြသူများအား လက်ကမ်းစာစောင်များနှင့် သဘာဝဘေးဗီနိုင်းပိုစတာများဖြန့်ဝေပေးခဲ့ကြောင်း သတင်း ရရှိပါသည်။ Source:  နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ)

  • မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပဲခူး တိုင်းဒေသကြီးဦးစီးမှူးရုံး (၂၅-၁-၂၀၁၈)ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်၊ ရှမ်းကြေးရပ်ကွက်တွင် ဖြစ်ပွားခဲ့သော မီးဘေးမှ အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၉)မျိုးနှင့် Family Kit (၁)ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀၀၀ဝ/-)ကျပ်၊ လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၂၆၀ဝ/-)ကျပ်၊ သေဆုံးသူတစ်ဦးအတွက် ထောက်ပံ့ငွေ(၃၀၀၀ဝဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၁၂၆၀ဝ/-)ကျပ်တို့အား (၂၆-၁-၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ ကြောင်း သတင်းရရှိပါသည်။ Source:  ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁-၂၀၁၈)ရက်နေ့ (၁၃:၃၀)နာရီချိန် သထုံမြို့၊ အောက်ကျင်းရပ်ကွက်တွင် ပြည်သူ (၈၀)ဦးအား ငလျင်ဘေးနှင့်ပတ်သက်သည့် ရှောင်ရန်/ဆောင်ရန်များ၊ ဗီဒီယိုများပြသပြီး အသိပညာပေးဟောပြောခဲ့ပါသည်။ ထို့နောက် မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေး၊ မိုကြိုးဘေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:    သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events