
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည် နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁-၂၀၁၈) ရက်နေ့ မော်လမြိုင်မြို့၊ သာယာအေးရပ်ကွက် မီးလောင်မှုဖြစ်စဉ်တွင် နေအိမ် (၁)လုံးပျက်စီးခဲ့သည့်အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁)အိမ်ထောင်စာ တန်ဖိုးငွေ (၃၇၃၅၃/-)ကျပ်၊ Family Kit (၁)ထုပ်၊ ပလပ်စတစ်ရေပုံး (၂)ပုံး၊ လူဦးရေ (၄)ဦးအတွက် တစ်ပတ်စာဆန်ဖိုးငွေ (၈၄၀၀/-)ကျပ် စုစုပေါင်း (၂၀၈၄၀၀/-)ကျပ်နှင့် နေအိမ် (၁) လုံး တစ်စိတ်တစ်ပိုင်းအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၁)အိမ်ထောင်စာတန်ဖိုးငွေ (၁၈၅၁၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၁၃)ဦးအတွက် တစ်ပတ်စာဆန်ဖိုးငွေ (၂၇၃၀၀/-)ကျပ် စုစုပေါင်း (၁၂၇၃၀၀/-)ကျပ်တို့အား ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)