မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

27_Pic_03
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည် နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁-၂၀၁၈)ရက်နေ့တွင် သံဖြူဇရပ်မြို့နယ်၊ စက်သစ်ရပ်ကွက်တွင် မီးလောင်မှုဖြစ်စဉ်ဖြစ်ပွား ခဲ့ရာနေအိမ် (၂)လုံးပျက်စီးခဲ့ပြီး ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၂)အိမ်ထောင်စာ တန်ဖိုးငွေ (၇၇၇၀၆/-)ကျပ်၊ Family Kit (၂)ထုပ် ပလပ်စတစ် ရေပုံး(၄)ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ(၃၀၀၀၀၀/-)ကျပ်၊ လူဦးရေ (၁၂)ဦးအတွက် တစ်ပတ်စာဆန်ဖိုးငွေ(၂၅၂၀၀/-)ကျပ် စုစုပေါင်း(၃၂၅၂၀၀/-) ကျပ်နှင့် လူနေအိမ် တစ်စိတ်တစ်ပိုင်းအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး တစ်အိမ်ထောင်စာ တန်ဖိုးငွေ (၁၈၅၁၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁၀၀၀၀၀/-)ကျပ်၊ လူ(၂)ဦးအတွက် တစ်ပတ်စာဆန်ဖိုးငွေ(၄၂၀၀/-)ကျပ် စုစုပေါင်း (၁၀၄၂၀၀/-) ကျပ်တို့အား ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:  မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events