
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁-၂၀၁၈)ရက်နေ့တွင် ပုဗ္ဗသီရိမြို့နယ်၊ ဝဏ္ဏဒီပရပ်ကွက်၊ ဓမ္မရုံ၌နေ့လည်(၁၁း၀၀)မှ(၁၃း၀၀)နာရီချိန်အထိ ရပ်ကွက်သူ၊ ရပ်ကွက်သား စုစုပေါင်း (၁၅၀)ဦးခန့်အား ငလျင်ဘေးအန္တရာယ် အသိပညာပေးဟောပြောပို့ချခဲ့ပြီး တက်ရောက်လာကြသူများအား လက်ကမ်းစာစောင်များနှင့် သဘာဝဘေးဗီနိုင်းပိုစတာများဖြန့်ဝေပေးခဲ့ကြောင်း သတင်း ရရှိပါသည်။
Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ)