
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁-၂၀၁၈)ရက်နေ့ (၁၃:၃၀)နာရီချိန် သထုံမြို့၊ အောက်ကျင်းရပ်ကွက်တွင် ပြည်သူ (၈၀)ဦးအား ငလျင်ဘေးနှင့်ပတ်သက်သည့် ရှောင်ရန်/ဆောင်ရန်များ၊ ဗီဒီယိုများပြသပြီး အသိပညာပေးဟောပြောခဲ့ပါသည်။ ထို့နောက် မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေး၊ မိုကြိုးဘေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ)