သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

27-Pic_02
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကို (၂၆-၁-၂၀၁၈)ရက်နေ့ နံနက်(၀၉း၃၀)အချိန်မှ (၁၁း၃၀)အချိန်ထိ မြောက်ဦးမြို့နယ်၊ အောက်သားကန်ကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူလူထု စုစုပေါင်း (၁၂၀)ဦးအားလည်းကောင်း၊ နေ့လယ်(၁၃း၀၀)အချိန်မှ (၁၅း၀၀)အချိန်ထိ သံချောင်းရွာသစ်ကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူလူထု စုစုပေါင်း (၁၃၅)ဦးအားလည်းကောင်း ငလျင်ဘေးအပါအဝင် သဘာဝဘေးအန ္တရာယ်နှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို ဟောပြောခြင်း၊ ဘေး(၈)မျိုးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ သဘာဝဘေးနှင့်ပတ်သက်သည့် ဗွီဒီယိုမှတ်တမ်းများပြသခြင်း၊ ပေါင်မုန့်များဝေငှခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source:    မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events