
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၁-၂၀၁၈) ရက်တွင် ကော့သောင်းမြို့၊ ပုလုံးတုံတုံးကျေးရွာ၌ ကျေးရွာသူ၊ ကျေးရွာသား စုစုပေါင်း (၁၂၀) ဦးအား သဘာဝဘေး အသိပညာပေးဆွေးနွေးဟောပြောပြီး လက်ကမ်းစာစောင်များဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)