Author Archives: Aye Kyimann

  • မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ လေဘေး သင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် နွားထိုးကြီးမြို့နယ်အတွင်း (၂၇.၄.၂၀၁၈) ရက်နေ့မှ (၂၈.၄.၂၀၁၈)ရက်နေ့အထိ ဖြစ်ပွားသောလေပြင်းဘေးကြောင့် အမိုးလန်အိမ်ထောင်စု (၃၀)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုးပါ အိမ်ထောင်စု (၃၀)စာနှင့် အိမ်ဆောက်ပစ္စည်းဖိုး ကျပ်ငွေ(၁၄၉၃၀၀၀ိ/-)တိတိတို့အား (၃၀.၄.၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:    မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #mdy_ha_sgw

  • ဟင်္သာတခရိုင်ဦးမှူးရုံးမှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၁၁)စုမှ ကျေးရွာခွဲ (၅၈)ရွာ၌ (၂၄-၄-၂၀၁၈)ရက်နေ့နှင့် (၂၅-၄-၂၀၁၈)ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော လေဘေးအတွက် ထောက်ပံ့ ရန်ကျန်ရှိသော ပြိုကျပျက်စီးနေအိမ်(၂၃)လုံး၊ အမိုးလန် (၄၃၆) လုံး၊ စုစုပေါင်း (၄၅၉) လုံး၊ ဘုန်းကြီးကျောင်း(အမိုးလန်) (၄)လုံး၊ လူဦးရေ (၁၈၅၃)ဦးတို့အတွက် ဆန်ရိက္ခာနှင့် အိမ်ဆောာက်ပစ္စည်းဖိုး စုစုပေါင်း (၂၃,၅၇၁,၃၀၀ိ/-) ကျပ်နှင့် ကျေးရွာအုပ်စု(၁၇)စုမှ ကျေးရွာခွဲ (၄၀)ရွာ၌ (၂၆-၄-၂၀၁၈)ရက်နေ့နှင့် (၂၈-၄-၂၀၁၈)ရက်နေ့တို့တွင် ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျ ပျက်စီးနေအိမ်(၈) … Read more

  • လေဘေးထောက်ပံ့ပေးမှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊  ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည် ပေါက်မြို့နယ်၊ ဂွေးဂုံကျေးရွာအုပ်စု၊ ဂွေးဂုံကျေးရွာနှင့်  ကျောက်တိုင်ခင်ကျေးရွာအုပ်စု၊ တောင်လုံးကျေးရွာတို့တွင် (၂၉-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေး ကြောင့် ပြိုကျပျက်စီးနေအိမ်(၁)လုံး၊ အမိုးလန်အိမ်ခြေ (၂၅)လုံး၊ အိမ်ထောင်စု(၂၆)စု၊ လူဦးရေ(၁၀၂)ဦး ဘေးသင့်ခဲ့ရာ အိမ်ဆောက်ပစ္စည်းဖိုး (၇၀၀၀၀၀ိ/-)ကျပ်၊ ဆန်ရိက္ခာဖိုး (၂၁၄၂၀၀ိ/-)ကျပ်၊ ပြိုကျပျက်စီးနေအိမ်(၁)လုံးအတွက် ကယ်ဆယ်ရေး ပစ္စည်း(၁၀)မျိုး၊ အမိုးလန် အိမ်ခြေ(၂၅)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး၊ စုစုပေါင်း (၉၁၄၂၀၀ိ/) (ကျပ်ကိုးသိန်းတစ်သောင်း လေးထောင့်နှစ်ရာတိတိ)တို့အား (၃၀-၄-၂၀၁၈)ရက်နေ့တွင် ပေါက်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းဝင်း၊ တိုင်း ဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်း၊ တိုင်းဒေသကြီး(၂)လွှတ်တော် … Read more

  • မြိတ်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၄-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားသည့် မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ သန်းဖိုရပ်ကွက်လေ ဘေးသင့်အိမ်ခြေ (တစ်စိတ်တစ်ပိုင်း)(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဘိုး (၂၀၀၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၂)စုမှ လူဦးရေ(၁၆)ဦးအတွက် ဆန်ဘိုး(၇)ရက်စာ ထောက်ပံ့ငွေ(၃၃၆၀၀/-)ကျပ်နှင့် စုစုပေါင်း ထောက်ပံ့ငွေ (၂၃၃၆၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုးတို့အား (၃၀.၄.၂၀၁၈)ရက်နေ့ ညနေ့ (၁၅း၃၀)နာရီချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:    မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #tny_ha_sgw

  • လေဖိအားနည်းရပ်ဝန်းအခြေအနေ

    (၂၀၁၈ ခုနှစ်၊ မေလ (၁)ရက်နေ့ မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီ ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် မြောက်-အရှေ့ မြောက်ဘက်သို့ အနည်းငယ် ရွေ့လျားခဲ့ပြီး နောက် (၄၈)နာရီအတွင်း မုတ္တမကွေ့နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော မြစ်ဝကျွန်းပေါ်ဒေသများသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ အဆိုပါ လေဖိအားနည်း ရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် အဖြစ်သို့ရောက်ရှိနိုင်ပါသည်။

  • သရက်ခရိုင်ဦးစီးမှူးရုံးမှ လေးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇.၄.၂၀၁၈) ရက်နေ့နှင့် (၂၈.၄.၂၀၁၈) ရက်နေ့တို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် မင်းလှမြို့နယ်၊ မလွန်ကျေးရွာအုပ်စု၊ မလွန်ကျေးရွာ၊ သပြေတောကျေးရွာအုပ်စု၊ သပြေတောကျေးရွာနှင့် လက်ခုပ်ပင်ကျေးရွာအုပ်စု၊ လက်ခုပ်ပင်ကျေးရွာတို့တွင် နေအိမ်(၄)လုံးအမိုးလန်ပျက်စီးခဲ့ပြီး အိမ်ခြေ(၄)လုံး၊အိမ်ထောင်စု(၄)စု၊ လူဦးရေ(၁၇)ဦးဘေးသင့့်ခဲ့ပြီး ဘေးသင့်လူဦးရေ(၁၇)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ ၃၅၇၀၀ိ/-၊ နေအိမ်(၄)လုံး အတွက် အိမ်ဆောက် ပစ္စည်းဖိုး ၁၆၀၀၀၀ိ/-၊ ရန်ပုံငွေစုစုပေါင်း ၁၉၅၇၀၀ိ/- နှင့် ကယ်ဆယ်ရေး ပစ္စည်း(၆)မျိုး (၄)အိမ်ထောင်စာတို့ကို (၂၉.၄.၂၀၁၈)ရက်နေ့တွင် မင်းလှမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၏ရှေ့မှောက်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:    သရက်ခရိုင်ဦးစီးမှူးရုံး … Read more

  • မောင်တောမြို့နယ်၊ လောင်းဒုံကျေးရွာသို့ဝင်ရောက်လာသော ဒိုက်နက်တိုင်းရင်းသားများအတွက် ထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၄-၂၀၁၈)ရက်နေ့တွင် ဘင်္ဂလား ဒေ့ရှ်နိုင်ငံမှ မောင်တောမြို့နယ်၊ လောင်းဒုံကျေးရွာသို့ဝင်ရောက်လာသော ဒိုက်နက်တိုင်းရင်းသား အိမ်ထောင်စု(၃)စု လူဦးရေ (၁၁)ဦး အတွက် ကျားလုံချည်(၃)ထည် မလုံချည်(၃)ထည် တီရှပ်(၆)ထည် ဆပ်ပြာ(၆)တောင့် မီးဖိုချောင်းသုံးပစ္စည်း(၃)ပုံး၊ စားနပ်ရိက္ခာ (၁)လစာ ဆန်(၃)အိတ် (၁၀)ပြည် (၄)ဘူး၊ ဆီ(၄.၁၂၅)ပိဿာ၊ ပဲ(၁၆.၅)ပိဿာ၊ ဆား(၈၂.၅)ကျပ်သားတို့အား (၂၉-၄-၂၀၁၈)ရက် နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:    မောင်တောခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်၊ ပန်းဆက်လမ်းမကြီး(၆/၇) လမ်းကြား၊ ကွင်းအမှတ်(၇၄/၇၅)၊ သပြုချောင်းကွင်းတွင် (၂၈-၄-၂၀၁၈)ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ကျွမ်းပျက်စီးခဲ့သည့် နေအိမ် (၂) လုံး၊ အိမ်ထောင်စု (၂) စုမှ လူဦးရေ (၄) ဦး အတွက် Family Kits (၂၆)မျိုးပါ (၂)ပုံး (၁၆၄၀၀၀ိ/-) ၊ ပလပ်စတစ်ပုံး (၂)ပုံး (၁၂၀၀၀ိ/-) ၊ ဆန်ရိက္ခာ (၇)ရက်စာရန်ပုံငွေ (၈၄၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၃၀၀၀၀၀ိ/-)နှင့် မီးဘေးသင့်ဘုန်းတော် … Read more

  • ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၄-၂၀၁၈) နေ့တွင်ဖြစ်ပွားခဲ့သောလေဘေးကြောင့် ပုဗ္ဗသီရိမြို့နယ်၊ ဝဏ္ဏဒီပရပ်ကွက်၊ နဝဒေးရပ်ကွက်၊ သုခဒီပရပ်ကွက် ကျည်တောင်အမှတ်(၅) ရပ်ကွက်၊ ကျည်တောင်အမှတ်(၆)ရပ်ကွက် ဇီးကုန်းအုပ်စု ဇီးကုန်ကျေးရွာ စက်ကုန်းကျေးရွာတို့တွင် တစ်စိတ်တစ်ပိုင်း ပျက်စီး(၂၄) အိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၅၆၅၀၀၀/-) ကျပ်၊ ပြိုလဲ(၂)အိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂x၁၀၀၀၀၀)(၂သိန်း)၊ အိမ်ဆောက်ပစ္စည်းဖိုးစုစုပေါင်း (၇၆၅၀၀၀ိ/-)ကျပ်၊ လူဦးရေ(၁၁၅)ဦးအတွက် ဆန်ရိက္ခာဖိုး(၁၁၅x၂၁၀၀)(၂၄၁၅၀၀/-)ကျပ်၊ စုစုပေါင်း ရန်ပုံငွေ(၁၀၀၆၅၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၂၄)အိမ်ထောင်စာ၊ (၁၆)မျိုး(၂)အိမ်တို့အား (၂၈.၄.၂၀၁၈)ရက်နေ့ နေ့လည် (၁း၀၀)အချိန်ခန့်တွင် ်ပြည်သူများလက်ဝယ်သို့ သွားရောက်ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:   … Read more

  • ဟင်္သာတခရိုင်ဦးမှူးရုံးမှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စ ု(၅)စုမှ ကျေးရွာခွဲ (၂၁)ရွာ၌ (၂၄-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၁၃)လုံး၊ အမိုးလန် (၁၁၄)လုံး၊ စုစုပေါင်း (၁၂၇)လုံး၊ လူဦးရေ (၆၄၁)ဦးတို့အတွက် (၂,၅၉၅,၇၂၉ိ/-) ကျပ် တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၁၁၄)အိမ်ထောင်စာ၊ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁၃) အိမ်ထောင်စာတို့အား (၂၇-၄-၂၀၁၈) ရက်နေ့တွင် ဟင်္သာတမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ (ကနဦး) ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more

Sign Up

Upcoming Events