လေဘေးထောက်ပံ့ပေးမှုသတင်း

1_Pic_021_Pic_03
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊  ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည် ပေါက်မြို့နယ်၊ ဂွေးဂုံကျေးရွာအုပ်စု၊ ဂွေးဂုံကျေးရွာနှင့်  ကျောက်တိုင်ခင်ကျေးရွာအုပ်စု၊ တောင်လုံးကျေးရွာတို့တွင် (၂၉-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေး ကြောင့် ပြိုကျပျက်စီးနေအိမ်(၁)လုံး၊ အမိုးလန်အိမ်ခြေ (၂၅)လုံး၊ အိမ်ထောင်စု(၂၆)စု၊ လူဦးရေ(၁၀၂)ဦး ဘေးသင့်ခဲ့ရာ အိမ်ဆောက်ပစ္စည်းဖိုး (၇၀၀၀၀၀ိ/-)ကျပ်၊ ဆန်ရိက္ခာဖိုး (၂၁၄၂၀၀ိ/-)ကျပ်၊ ပြိုကျပျက်စီးနေအိမ်(၁)လုံးအတွက် ကယ်ဆယ်ရေး ပစ္စည်း(၁၀)မျိုး၊ အမိုးလန် အိမ်ခြေ(၂၅)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး၊ စုစုပေါင်း (၉၁၄၂၀၀ိ/) (ကျပ်ကိုးသိန်းတစ်သောင်း လေးထောင့်နှစ်ရာတိတိ)တို့အား (၃၀-၄-၂၀၁၈)ရက်နေ့တွင် ပေါက်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းဝင်း၊ တိုင်း ဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်း၊ တိုင်းဒေသကြီး(၂)လွှတ်တော် ကိုယ်စားလှယ် ဒေါ်မြင့်စန်း၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင်၊ ပေါက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ် ရေးမှူး၊ ခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာန၊ ခရိုင်/မြို့နယ် ပြန်/ဆက်ဦးစီးဌာန၊ အနာဂတ်အလင်းရောင်လူငယ်ဖွံ့ဖြိုးရေးအသင်းဥက္ကဌ ဦးရဲထွဋ်တို့နှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:  ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

#mgy_ha_sgw

Sign Up

Upcoming Events