ဟင်္သာတခရိုင်ဦးမှူးရုံးမှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

1_Pic_02
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၁၁)စုမှ ကျေးရွာခွဲ (၅၈)ရွာ၌ (၂၄-၄-၂၀၁၈)ရက်နေ့နှင့် (၂၅-၄-၂၀၁၈)ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော လေဘေးအတွက် ထောက်ပံ့ ရန်ကျန်ရှိသော ပြိုကျပျက်စီးနေအိမ်(၂၃)လုံး၊ အမိုးလန် (၄၃၆) လုံး၊ စုစုပေါင်း (၄၅၉) လုံး၊ ဘုန်းကြီးကျောင်း(အမိုးလန်) (၄)လုံး၊ လူဦးရေ (၁၈၅၃)ဦးတို့အတွက် ဆန်ရိက္ခာနှင့် အိမ်ဆောာက်ပစ္စည်းဖိုး စုစုပေါင်း (၂၃,၅၇၁,၃၀၀ိ/-) ကျပ်နှင့် ကျေးရွာအုပ်စု(၁၇)စုမှ ကျေးရွာခွဲ (၄၀)ရွာ၌ (၂၆-၄-၂၀၁၈)ရက်နေ့နှင့် (၂၈-၄-၂၀၁၈)ရက်နေ့တို့တွင် ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျ ပျက်စီးနေအိမ်(၈) လုံး၊ အမိုးလန် (၇၁)လုံး၊ စုစုပေါင်း (၇၉) လုံး၊ လူဦးရေ (၂၈၅) ဦးတို့အတွက် (၁,၆၁၃,၀၃၄ိ/-)ကျပ် တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၇၁) အိမ်ထောင်စာ၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၈)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃,၇၇၀,၀၀၀ိ/-)ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၅၉၈,၅၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅,၉၈၁,၅၃၄ိ/-) ကျပ်တို့အား (၃၀-၄-၂၀၁၈) ရက်နေ့တွင် အင်္ဂပူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:    ဟင်္သာတခရိုင်ဦးမှူးရုံး (ဘစမ)

#ayy_ha_sgw

Sign Up

Upcoming Events