Author Archives: Aye Kyimann
-
ရေကြီးရေလျှံမှုများနှင့်ပတ်သက်၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကူညီထောက်ပံ့မှုများ ဆောင်ရွက်လျက်ရှိမှုအခြေအနေ
ယခုရက်ပိုင်းအတွင်းဖြစ်ပေါ်လျက်ရှိသောရေကြီးရေလျှံမှုများနှင့်ပတ်သက်၍ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် သက်ဆိုင်ရာဝန်ကြီးဌာန များ၊ တိုင်းဒေသကြီး/ ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များ၊ ဒေသခံလူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းကာ သတင်းများရယူစုဆောင်းခြင်း၊ ဝန်ကြီးဌာန၏မူဝါဒနှင့်အညီ ထိရောက်သော ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းအစီအစဉ်များဖြစ်စေရေး တို့အတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်လျက်ရှိရာ- • မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ကျေးရွာ(၈)ရွာ၌(၁၂-၆-၂၀၁၈)နေ့တွင် ရေဝင်ရောက်မှုကြောင့် နေအိမ်(၆၆)လုံး၊ အိမ်ထောင်စု (၆၆)စုမှ လူဦးရေ(၂၆၁)ဦးတို့အား နီးစပ်ရာဆွေမျိုးများနေအိမ်သို့ ပြောင်းရွှေ့ပေးထားခြင်း၊ ပေါက်တူးတောင်ကျေးရွာနှင့် ရှားတောကျေးရွာ၌ (၁၁-၆-၂၀၁၈)နေ့တွင် ချောင်းရေတိုက်စားမှုကြောင့် နေအိမ်(၇)လုံး၊ အိမ်ထောင်စု(၇)စုမှ … Read more
-
ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ရွှေမြင်တင်ကျေးရွာအုပ်စု၊ ရွှေမြင်တင်ကျေးရွာနှင့် ဝါးယားချောင်းကျေးရွာတို့တွင် (၁၂-၆-၂၀၁၈)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျနေအိမ်(၂)လုံး၊ အိမ်ထောင်စု(၂)စုမှ လူဦးရေ (၇)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ (၂)ပုံး (၇၄၇၀၆/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၁၄၇၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်း ဖိုး (၂၀၀၀၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၂၁၄၇၀၀/-)ကျပ်တို့အား (၁၃-၆-၂၀၁၈)ရက်နေ့ (၁၃း၁၂)နာရီအချိန်တွင် လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_jun2018 … Read more
-
ဖိုက်ဘာစက်လှေများ မိုးမိတ်မြို့၊ ငမိတ်ချောင်းအတွင်း၌ လက်တွေ့သရုပ်ပြခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များဖြစ်ပွားပါက အသုံးပြုရန်အတွက် ထောက်ပံ့လှူဒါန်းထားသော ဖိုက်ဘာစက်လှေများအား (၁၃-၆-၂၀၁၈)ရက်နေ့ တွင် စက်များတပ်ဆင်၍ မိုးမိတ်မြို့၊ ငမိတ်ချောင်းအတွင်း၌ လက်တွေ့သရုပ်ပြခြင်းများဆောင်ရွက်ခဲ့ရာ တာဝန်ရှိသူများ၊ ခရိုင်ပြန်/ဆက်၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီအဖွဲ့ဝင်များ၊ သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များနှင့်ဒေသခံပြည်သူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #shn_jun2018 Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁.၆.၂၀၁၈)ရက်နေ့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သရက်မြို့နယ်၊ ဘန်းကုန်းကျေးရွာအုပ်စု၊ ဒေါင်းပျံ ကျေးရွာ၌ ရေဝင်ရောက်မှုကြောင့် အိမ်ခြေ(၄၇)လုံး၊ အိမ်ထောင်စု(၄၇)စုလူဦးရေ(၁၉၅)ဦးအတွက် ဆန်ရိက္ခာဖိုး (၃)ရက်စာ (၁၇၅၅၀၀ိ/-) ကျပ်တို့အား (၁၃.၆.၂၀၁၈) ရက်နေ့တွင် သရက်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #mgy_jun2018 Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်တွင် (၁၁.၆.၂၀၁၈)ရက်နေ့၌ မိုးအဆက်မပြတ်ရွာသွန်း၍ ရေဝင် ရောက်မှုုကြောင့် ငဖဲမြို့နယ်၊ မြို့မရပ်ကွက်မှ ရေဘေးရှောင်ပြည်သူ(၁၃၉)ဦးတို့အတွက် ဆန်(၇)ရက်စာ(၂၉၁,၉၀၀/-) ကျပ်အား (၁၃.၆.၂၀၁၈)ရက်နေ့ (၁၃း၀၀)နာရီအချိန်တွင် ရေဘေးရှောင်ဓမ္မာရုံသို့ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူးတို့နှင့်အတူသွားရောက်၍ ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #mgy_jun2018 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်အတွင်း လေပြင်းဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ရုံးမှ တာဝန်ရှိသူများ သည် ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ မြို့ပေါ်ရပ်ကွက် (၁) ခု၊ ကျေးရွာအုပ်စု(၃)ခုမှ ကျေးရွာ(၄)ရွာတွင် (၉/၁၁. ၆.၂၀၁၈)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်နေအိမ်(၁၈)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၉၀,၀၀၀/-)ကျပ်၊ ပြိုလဲနေအိမ်(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၄၀၀,၀၀၀/-)ကျပ်၊ လူဦးရေ (၁၃)ဦးအတွက်(၂၇,၃၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၈၁၇,၃၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး(၄)အိမ်ထောင်စာတို့အား (၁၃.၆.၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_jun2018 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်အတွင်း လေပြင်းဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ ဂေါ့ကျေးရွာအုပ်စု၊ သနပ်ကုန်းကျေးရွာ တွင် (၁၂-၆-၂၀၁၈) ရက်နေ့၊ နေ့လည် (၁၂:၃၀) အချိန် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၉)လုံး ပြိုလဲခြင်း၊ အမိုးလန်ခြင်းများဖြစ်ပေါ်ခဲ့ပြီး လူဦးရေ(၄၃)ဦးဘေးသင့်ခဲ့၍ ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုးပါ အိမ်ထောင်စု (၉)စုစာ၊ အိမ်ဆောက်ပစ္စည်းဘိုးထောက်ပံ့ငွေကျပ် (၅,၀၀၀၀ဝိ/)၊ ဆန်ရိက္ခာဘိုးထောက်ပံ့ငွေကျပ် (၉၀,၃၀ဝိ/-)နှင့် ရေတွင်းဖြူကျေးရွာအုပ်စု ဆင်နင်းရိုးကျေးရွာတွင်လည်း နေအိမ်(၁)လုံးပြိုလဲပြီးလူဦးရေ(၅) ဦးဘေးသင့်ခဲ့၍ ကယ်ဆယ်ရေးပစ္စည်း (၁၁)မျိုးပါ (၁) အိမ်ထောင်စာ၊ … Read more
-
သရက်ခရိုင်ဦးစီးမှူးရုံးမှ လေပြင်းဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀.၆.၂၀၁၈)ရက်နေ့ နှင့် (၁၁.၆.၂၀၁၈)ရက်နေ့တို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် သရက်မြို့နယ်၊ ရပ်ကွက်(၁)ရပ်ကွက်နှင့် ကျေးရွာ(၁)ရွာတို့တွင် နေအိမ်(၁)လုံး၊ မကျီးပင်ပိ၍ တစ်စိတ်တစ်ပိုင်း ပြိုကျပျက်စီးခဲပြီး၊ နေအိမ်(၁)လုံး အမိုးလန်ပျက်စီးခဲ့ရာ အိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု(၂)စု၊ လူဦးရေ(၈)ဦး၊ ဘေးသင့့်ခဲ့ရာ ဘေးသင့်လူဦးရေ(၈)ဦးအတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာ (၁၆,၈၀၀ိ/-)ကျပ်၊ နေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၅၀,၀၀၀ိ/-)ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၁၆,၆၈၀၀ိ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၂) အိမ်ထောင်စာတို့အား (၁၃.၆.၂၀၁၈)ရက်နေ့တွင် သရက်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်၌ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများ … Read more
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့ နယ်၊ ဗလဘကျေးရွာ အုပ်စု၊ ဗလဘကျေးရွာ၌ (၁၂.၆.၂၀၁၈) ရက်နေ့၊ (၀၉း၀၀)အချိန်၌ မြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်များ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့မှုများဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ရသော လူနေအိမ်(၅)လုံး၊ အိမ်ထောင်စု(၅)စု၊ လူဦးရေ (၂၇)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ ဆန်ရိက္ခာ(၇)ရက်စာ(၅၆၇၀၀ိ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ(၅၀၀၀၀၀ိ/-)ကျပ်၊ စုစုပေါင်း (၅၅၆၇၀၀ိ/-)ကျပ်တို့အား (၁၂.၆.၂၀၁၈)ရက်နေ့တွင် ဗလဘကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ကမ်းပြိုဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။ #ha_rbe #mgy_jun2018 Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး … Read more
-
ပြည်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ အုပ်စု (၁၀)စု ရွာ (၁၇)ရွာ၌ (၂၉/၃၀.၅.၂၀၁၈)ရက်နေ့နှင့် (၁၈.၆.၂၀၁၈) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော လေဘေးသင့် အမိုးလန်အိမ်(၂၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၆၇,၀၀၀/-)ကျပ်၊ တောင်ပြိုပိတစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀၀/-)ကျပ်၊ ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်း နေအိမ်(၃)လုံးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၁,၄၆၇,၀၀၀/-)ကျပ်တို့အား ပြည်မြို့နယ်အုပ်ချုပ်ရေး မှူး၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့တို့နှင့်အတူ ပူးပေါင်း၍ (၁၂-၆-၂၀၁၈)ရက်နေ့ (၁၄:၀၀) … Read more
