ပြည်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

13_Pic_02
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ အုပ်စု (၁၀)စု ရွာ (၁၇)ရွာ၌ (၂၉/၃၀.၅.၂၀၁၈)ရက်နေ့နှင့် (၁၈.၆.၂၀၁၈) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော လေဘေးသင့် အမိုးလန်အိမ်(၂၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၆၇,၀၀၀/-)ကျပ်၊ တောင်ပြိုပိတစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀၀/-)ကျပ်၊ ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်း နေအိမ်(၃)လုံးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၁,၄၆၇,၀၀၀/-)ကျပ်တို့အား ပြည်မြို့နယ်အုပ်ချုပ်ရေး မှူး၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့တို့နှင့်အတူ ပူးပေါင်း၍ (၁၂-၆-၂၀၁၈)ရက်နေ့ (၁၄:၀၀) နာရီချိန်တွင် အခမ်းအနားဖြင့် ဘေးသင့်ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ထို့ပြင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့တို့မှလည်း တောင်ပြိုပိနေအိမ် (၁)လုံးနှင် ကမ်းပြိုကြိုရွှေ့နေအိမ် (၃)လုံးအတွက် ထောက်ပံ့ရေးပစ္စည်းများ၊ family kids များအား ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw
#bgo_may/jun2018
Source:  ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events