
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့ နယ်၊ ဗလဘကျေးရွာ အုပ်စု၊ ဗလဘကျေးရွာ၌ (၁၂.၆.၂၀၁၈) ရက်နေ့၊ (၀၉း၀၀)အချိန်၌ မြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်များ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့မှုများဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ရသော လူနေအိမ်(၅)လုံး၊ အိမ်ထောင်စု(၅)စု၊ လူဦးရေ (၂၇)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ ဆန်ရိက္ခာ(၇)ရက်စာ(၅၆၇၀၀ိ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ(၅၀၀၀၀၀ိ/-)ကျပ်၊ စုစုပေါင်း (၅၅၆၇၀၀ိ/-)ကျပ်တို့အား (၁၂.၆.၂၀၁၈)ရက်နေ့တွင် ဗလဘကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ကမ်းပြိုဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။
#ha_rbe
#mgy_jun2018
Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)