
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ ဂေါ့ကျေးရွာအုပ်စု၊ သနပ်ကုန်းကျေးရွာ တွင် (၁၂-၆-၂၀၁၈) ရက်နေ့၊ နေ့လည် (၁၂:၃၀) အချိန် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၉)လုံး ပြိုလဲခြင်း၊ အမိုးလန်ခြင်းများဖြစ်ပေါ်ခဲ့ပြီး လူဦးရေ(၄၃)ဦးဘေးသင့်ခဲ့၍ ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုးပါ အိမ်ထောင်စု (၉)စုစာ၊ အိမ်ဆောက်ပစ္စည်းဘိုးထောက်ပံ့ငွေကျပ် (၅,၀၀၀၀ဝိ/)၊ ဆန်ရိက္ခာဘိုးထောက်ပံ့ငွေကျပ် (၉၀,၃၀ဝိ/-)နှင့် ရေတွင်းဖြူကျေးရွာအုပ်စု ဆင်နင်းရိုးကျေးရွာတွင်လည်း နေအိမ်(၁)လုံးပြိုလဲပြီးလူဦးရေ(၅) ဦးဘေးသင့်ခဲ့၍ ကယ်ဆယ်ရေးပစ္စည်း (၁၁)မျိုးပါ (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဘိုးထောက်ပံ့ငွေကျပ်(၁,၀၀,၀၀ဝိ/)၊ ဆန်ရိက္ခာဘိုး ထောက်ပံ့ငွေကျပ် (၁၀,၅၀ဝိ/)တို့အား သက်ဆိုင်ရာမြို့အုပ်ချုပ်ရေးအဖွဲ့များနှင့်အတူ ဂေါ့ကျေးရွာအုပ်စု၊ ဘုန်းတော်ကြီးကျောင်းတွင် (၁၃-၆-၂၀၁၈)ရက်နေ့၊ နံနက်ပိုင်းတွင် လေဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ygn_jun2018
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)