
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀.၆.၂၀၁၈)ရက်နေ့ နှင့် (၁၁.၆.၂၀၁၈)ရက်နေ့တို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် သရက်မြို့နယ်၊ ရပ်ကွက်(၁)ရပ်ကွက်နှင့် ကျေးရွာ(၁)ရွာတို့တွင် နေအိမ်(၁)လုံး၊ မကျီးပင်ပိ၍ တစ်စိတ်တစ်ပိုင်း ပြိုကျပျက်စီးခဲပြီး၊ နေအိမ်(၁)လုံး အမိုးလန်ပျက်စီးခဲ့ရာ အိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု(၂)စု၊ လူဦးရေ(၈)ဦး၊ ဘေးသင့့်ခဲ့ရာ ဘေးသင့်လူဦးရေ(၈)ဦးအတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာ (၁၆,၈၀၀ိ/-)ကျပ်၊ နေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၅၀,၀၀၀ိ/-)ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၁၆,၆၈၀၀ိ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၂) အိမ်ထောင်စာတို့အား (၁၃.၆.၂၀၁၈)ရက်နေ့တွင် သရက်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်၌ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများ လက်ဝယ်သို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mgy_jun2018
Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)