Author Archives: Aye Kyimann

  • မိုးကြိုးဘေးကြောင့် ဒဏ်ရာရလူနာတစ်ဦးအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈.၁၂.၂၀၁၈)ရက်နေ့ နံနက်(၃း၁၅)နာရီအချိန်တွင် မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ တောပြားကျေးရွာအုပ်စု မင်းခေါင်းဆေး ကျေးရွာလှေဆိပ်အနီး ရပ်နားထားသော ငါးမျှားပိုက်လှေအားမိုးကြိုးပစ်ခဲ့ရာ လှေပေါ်ရှိ မောင်ရဲပိုင်စိုး(၁၇)နှစ်မှာ စက်ကွင်းမိ၍ လည်ပင်းနှင့် ရင်ဘတ်တွင် မီးလောင်ဒဏ်ရာ များရရှိ၍ မြိတ်မြို့ပြည်သူ့ဆေးရုံကြီး၌ တင်ပို့ကုသခံယူနေပါသဖြင့် ဆိုပါဒဏ်ရာရ လူနာအတွက် ဆေးကု သစရိတ် ၅သောင်း အား (၈.၁၂.၂၀၁၈)ရက်နေ့ (၁၆း၀၀)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_tls #tny_dec2018 Source:  မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ကယားပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားပေးရေးနှင့် လူမှုကာကွယ်စောင့်ရှောက် ရေးလုပ်ငန်း များဆောင်ရွက်မှုသတင်း

    ဒီဇင်ဘာ ၈ ၊ လွိုင်ကော် ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ထိုင်းနိုင်ငံဒုက္ခသည်စခန်းများမှ မိမိသဘောဆန္ဒ အလျောက်နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားများအနက် ကယားပြည်နယ်တွင် ပြန်လည်အခြေချ နေထိုင်လိုသူများကို ပြန်လည်နေရာချထားပေးနိုင်ရေးအတွက် လုပ်ငန်းစီမံချက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ ထိုင်းနိုင်ငံ ၊ ဘန့်မယ်နန်းဆွယ်စခန်းနှင့် မယ်စူရင်းစခန်းများသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသော မြန်မာနိုင်ငံသားများအနက် မိမိသဘောဆန္ဒအလျောက်နေရပ် ပြန်လည်ဝင်ရောက်လာသူများကို ကယား ပြည်နယ်အတွင်း ပြန်လည်အခြေချနေထိုင်နိုင်ရေးအတွက် ပြည်နယ်အစိုးရနှင့်ပူးပေါင်း ဆောင်ရွက်နိုင်ရန် ဖြစ်ပါကြောင်း၊ ပြန်လည်လက်ခံရေးနှင့်ပြန် … Read more

  • တိုင်‌း‌ဒေသကြီး လွှတ်‌‌တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာများနှင်‌့ ကျေးရွာသူ‌ကျေးရွာသားများ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒီဇင်ဘာလ(၆)ရက်‌‌နေ့၌ ဘဝသစ်‌‌ကျေးရွာအုပ်စု အ‌ရှေ့ဖျား‌ကျေးရွာ၊ ရွာလယ်ဘုန်‌း‌တော်ကြီး‌ကျောင်‌း တွင် တိုင်‌း‌ဒေသကြီး လွှတ်‌‌တော်ကိုယ်စားလှယ် ဦးဘိုဘိုမင်‌း‌ဇော်နှင်‌့အတူ ဖျာပုံခရိုင်/မြို့နယ်အဆင်‌့ ဌာနဆိုင်ရာများနှင်‌့ ကျေးရွာသူ‌ကျေးရွာသားများနှင်‌့ တွေ့ဆုံပွဲ တွင် ဌာနမှ ‌ဆောင်ရွက်ချက်များရှင်‌း လင်‌းခဲ့ပြီး လက်ကမ်‌းစာ‌စောင်နှင်‌့ ဗီနိုင်‌းပိုစတာများဖြန့်‌ဝေ‌ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #ayy_dec2018 Source:   ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိ ပညာပေးဟောပြောဆွေးနွေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကော့လင်းမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆.၁၂.၂၀၁၈)နေ့လယ် (၁၆း၀၀)နာရီအချိန်တွင် ကောလင်းမြို့နယ်၊ ညောင်ဝန်းကျေးရွာအုပ်စု၊ ဆီဆုံ ကျေးရွာ၌ ကျေးရွာသူ၊ ကျေးရွာသား (၁၀၀)ဦးအား သဘာဝဘေးနှင့်စပ်လျဉ်းသည့် ဆောင်ရန်/ရှောင် ရန်များ အသိပညာပေးဟော ပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ၊ ပိုစတာ များဖြန့်ဝေပေး ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_dec2018 Source:   ကော့လင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • Grace Happy Land မိဘမဲ့ ကလေးစောင့်ရှောက်ရေးဂေဟာသို့ ထောက်ပံ့မှုသတင်း

    ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ရောက်ရှိနေသော အမျိုးသားသဘာဝဘေးစီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ၏(၇.၁၂.၂၀၁၈)ရက်နေ့ခရီးစဉ်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်၊ အမှတ်(၅)သီတာအေးလမ်းရှိ Grace Happy Land မိဘမဲ့ကလေးစောင့်ရှောက်ရေးဂေဟာသို့ ထောက်ပံ့ငွေကျပ်သိန်း(၂၀)အား Palm Spring Hotel ၌ ထောက်ပံံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ #otr #kcn_dec2018 Source:  ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇.၁၂.၂၀၁၈)ရက်နေ့တွင် (၁၀း၀၀)နာရီမှ (၁၁း၀၀)နာရီထိ မြောင်းမြမြို့နယ်၊ ရှမ်းစုကျေးရွာအုပ်စု၊ ရှမ်းစုကျေးရွာ အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၁၇၀)ဦးခန့်အား သဘာဝဘေးနှင့်ပတ်သက်သော အသိ ပညာများဖြန့်ဝေပေးခြင်းနှင့် ဆောင်ရန်ရှောင်ရန်များ ဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ၊ ဗလာစာအုပ်နှင့် ဘောလ်ပင်များဝေငှ ပေးခြင်းနှင့် မိုးကြိုးဘေးဗီနိုင်းပိုစတာပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_dec2018 Source:   မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိ ပညာပေးဟောပြောဆွေးနွေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ (၇.၁၂.၂၀၁၈)ရက်နေ့တွင် မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် မုဒုံမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး တို့သည် မုဒုံမြို့နယ်၊ ဘလောက်ညောင်ဝိုင်းကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံတွင် (၁၀း၀၀)နာရီမှ (၁၂း၀၀)အထိ သဘာဝဘေးအန္တရာယ်ဆိုင် ရာကြိုတင် ပြင်ဆင်ခြင်း၊ ကြိုတင်ကာကွယ်ခြင်း၊ အသိပညာပေးဟောပြောဆွေးနွေးခြင်းအား ကျေးရွာနေပြည်သူ (၁၅၀)ဦးဖြင့် ဟောပြောဆွေးနွေး ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ #ar #mon_dec2018 Source:   မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိ ပညာပေးဟောပြောဆွေးနွေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇.၁၂.၂၀၁၈)ရက်နေ့၊ (၀၉း၃၀)နာရီမှ (၁၁း၃၀)နာရီအထိ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ နတ်ကြီးကျွန်းကျေးရွာ၊ အ.လ.က(ခွဲ)ကျောင်း၌ သဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်း၍ အသိပညာဗဟုသုတများရရှိစေရန် ကျောင်းသား၊ ကျောင်းသူ(၂၅၇)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခြင်းဆောင်ရွက် ခဲြ့ပီး လက်ကမ်းစာစောင်များနှင့် ပိုစတာများဖြန့်ဝေခဲ့ ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_dec2018 Source:   စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်၊ တာလောကြီးကျေးရွာ၊ ရပ်ကွက်(၈)၌ (၁-၁၂-၂၀၁၈)ရက်နေ့ (၁၃း၁၄)နာရီ အချိန်ဖြစ်ပွားခဲ့သည့် မီးဘေးတွင် ဘေးသင့်အိမ်ထောင်စု(၁)စု၊ လူဦးရေ(၃)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး၊ အိမ်ဆောက် ပစ္စည်းဖိုး(၁၀၀,၀၀၀)ကျပ်နှင့် လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ ဖိုး(၆,၃၀၀)ကျပ်၊ စုစုပေါင်း (၁၀၆,၃၀၀)ကျပ်တို့အား (၇-၁၂-၂၀၁၈) ရက်နေ့ (၁၂း၂၀)နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #kcn_dec2018 Source:  ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events