သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု မြို့နယ်အဆင့်သင်တန်းကျင်းပပြုလုပ်မှုသတင်း

17_Pic_01 17_Pic_02
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်မှူးနှင့် ဘောလခဲ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁၂-၂၀၁၈)ရက်နေ့၊ (၀၈း၂၀)နာရီအချိန်တွင် ဘောလခဲမြို့ရှိ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံး၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု မြို့နယ်အဆင့်သင်တန်းအား ဖွင့်လှစ်ခဲ့ရာ သင်တန်းသား (၄၅)ဦး တက်ရောက်ပြီး ဘောလခဲခရိုင် ဒုတိယအုပ်ချူပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဘေးစီမံပြည်နယ်မှူးမှ သင်တန်းဖွင့်လှစ်ရခြင်း ၏ ရည်ရွယ်ချက်ကိုပြောကြားခဲ့ပြီး ဌာနဆိုင်ရာတာဝန်ရှိသူများက သင်ကြားပို့ချသွားမည်ဖြစ်ရာ သင်တန်းကာလမှာ (၁၇-၁၂-၂၀၁၈)နေ့မှ (၂၁-၁၂-၂၀၁၈)နေ့အထိ (၅)ရက် တာ ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

#ar
#kyh_dec2018
Source:   ဘောလခဲခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events