ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ADPC Myanmar Office မှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံမှုသတင်း

18_Pic_02
၁၇ ဒီဇင်ဘာ၊ နေပြည်တော်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် Asian Disaster Preparedness Centre (ADPC) Myanmar Office ဦးဆောင်သည့် Myanmar Preparedness Task Force အဖွဲ့ဝင်များအား နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌လက်ခံတွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံစဉ် ADPCနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနတို့အကြားနားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုး၍ ဆောင်ရွက်လျက်ရှိသော သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုနှင့် ဘေးလျော့ပါးရေးဆိုင်ရာ ကိစ္စရပ်များ၊ Myanmar Action Plan on Disaster Risk Reduction (MAPDRR) အား ၂၀၁၇ခုနှစ်တွင် ပြင်ဆင်ရေးဆွဲပြီးဖြစ်ရာ သဘာဝဘေးနှင့်ပတ်သက် သည့်လုပ်ငန်းဆောင်ရွက်ချက်များအား MAPDRR ဖြင့် ချိတ်ဆက်ဆောင်ရွက်ရေး၊ အာရှဒေသ သဘာဝဘေးကြိုတင်ပြင်ဆင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု (APP) အစီအစဉ်မှတဆင့် အစိုးရနှင့် ဒေသခံလူမှုရေးအဖွဲ့အစည်းများ၊ ပုဂ္ဂလိက ကဏ္ဍများနှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံအဆင့်တွင် Myanmar Preparedness Partnership (MPP) မှတဆင့် သဘာဝဘေးကြိုတင်ပြင်ဆင်ရေးတွင် ဒေသအဆင့်အဖွဲ့ အစည်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် အစိုးရ၊ ပုဂ္ဂလိကနှင့် အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်း၍ မြန်မာနိုင်ငံရှိ ခရိုင်(၈)ခုတို့တွင် ဆောင်ရွက်ပြီးစီးခဲ့သည့်လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြချက်များ၊ ၂၀၁၉ခုနှစ်တွင် ကျင်းပပြုလုပ်မည့် (4th APPRSC) စတုတ္ထ အကြိမ်မြောက် အာရှကြိုတင်ပြင်ဆင်ရေး မိတ်ဆက်ဆောင်ရွက်မှုဒေသဆိုင်ရာကော်မတီအစည်းအဝေးအား မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့်အခြေအနေများကို ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

#hl1_otr
#npw_dec2018
Source:  MSWRR

Sign Up

Upcoming Events