
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဘောလခဲခရိုင်ဦးစီးမှူးရုံးမှ (၁၅.၁၂.၂၀၁၈)ရက်နေ့တွင် ဖားဆောင်းမြို့နယ်၊ ဖားဆောင်းကျေးရွာအုပ်စု၊ တောင်ပေါ်ကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးသင့်အိမ်ထောင် (၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၂၁)မျိုး(၁)အိမ်ထောင်စာ၊ လူဦးရေ(၂)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၄၂၀၀/-)၊ အိမ်ဆောက် ပစ္စည်းဖိုး(၁၀၀၀၀၀/-)၊ စုစုပေါင်းရန်ပုံငွေ (၁၀၄၂၀၀/-)တို့အား (၁၇.၁၂.၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက် ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fir
#kyh_dec2018
Source: ဘောလခဲခရိုင်ဦးစီးမှူးရုံး (ဘစမ)