ဆိုင်ကလုန်းမုန်တိုင်းသတင်း

===================================

17_Pic_03
(၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၇)ရက်နေ့
မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
——————————————————————–
ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၁၆)၊၂၀၁၈
ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ
————————————————————————–
ယနေ့မြန်မာစံတော်ချိန်(၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “ဖီထိုင်း”(PHETHAI)သည် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းသို့ရောက်ရှိကာ ဆိုင်ကလုန်းမုန်တိုင်း “ဖီထိုင်း”(PHETHAI) အဖြစ်သို့ အားလျော့သွားခဲ့ပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ဖီထိုင်း”(PHETHAI) သည် အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့(Chennai)၏ မြောက်-အရှေ့မြောက်ဘက် မိုင်(၂၀၀) ခန့်၊ မာချီလီပတ္တနမ်မြို့ (Machilipatnam)၏ အရှေ့-အရှေ့တောင်ဘက် (၆၅)မိုင် ခန့်၊ ကာကီနာဒါမြို့(Kakinada)၏ တောင်ဘက် မိုင်(၇၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

ဆိုင်ကလုန်းမုန်တိုင်း “ဖီထိုင်း”(PHETHAI)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ ဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ် ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း”ဖီထိုင်း”(PHETHAI)၏ တည်နေရာ၊ ဗဟိုချက်လေဖိအား နှင့် လေတိုက်နှုန်း
—————————-
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ဖီထိုင်း”(PHETHAI)သည် မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၁၅.၈)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၂.၂) ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၆)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်း မှာ တစ်နာရီလျှင် မိုင်(၅၀)နှုန်းဖြစ်ပါသည်။

နောက်(၁၂)နာရီအတွင်းခန့်မှန်းချက်
————————
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ဖီထိုင်း”(PHETHAI)သည် မြောက်ဘက်သို့ ဆက်လက် ရွေ့လျားပြီး၊ အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်ကမ်းခြေကို နောက်(၁၂)နာရီအတွင်း ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းရပါသည်။

သတိပေးနှိုးဆော်ချက်
—————————-
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း”ဖီထိုင်း”(PHETHAI)၏ အရှိန်ကြောင့် ယနေ့နေ့လည် မှ နောက်(၄၈)နာရီအတွင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း နှင့် အရှေ့ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါ သည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် (၆)ပေမှ (၉)ပေခန့် ရှိနိုင်ပါသည်။

အကြံပြုချက်
——————————–
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ် ပါသည်။

Sign Up

Upcoming Events