Author Archives: Aye Kyimann
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်း မြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄.၁၂.၂၀၁၉)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြောင်းမြမြို့နယ်၊ စိုက်ပျိုးရေး သိပ္ပံကျောင်းတွင် ကျောင်းသား/ကျောင်းသူ (၁၅၀) ဦးတို့အား သဘာဝဘေးအန္တရာယ်များနှင့်ဆိုင်သော အသိပညာပေး ဟောပြောခြင်းများဆောင်ရွက်ခဲ့ပြီး သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များနှင့် စာရေးကိရိယာများ ဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_dec2019 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ဒဏ်ရာရလူနာအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၁၂-၂၀၁၉) ရက်နေ့ နမ့်ဆန်မြို့နယ်၊ ပန်နင်းကျေးရွာအုပ်စု၊ ခေကွဲကျေးရွာတွင် မိုင်းနင်းမိ၍ ဒါဏ်ရာရရှိသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀ဝ/-)ကျပ်ကို (၁၂-၁၂-၂၀၁၉) ရက်နေ့တွင် ကျောက်မဲမြို့ပြည်သူ့ ဆေးရုံကြီးတွင် ခရိုင်ဆေးရုံအုပ်ကြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ တိုက်ပွဲရှောင်ကော်မတီများနှင့်အတူ ပြည်သူများလက်၀ယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #shn_dec2019 Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တမူးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁၂-၂၀၁၉) နေ့ နံနက် (၁၁:၀၀)နာရီမှ (၁၂:၃၀)နာရီအချိန်ထိ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ တမူးမြို့ အထက်တန်းကျောင်း(ခွဲ)တွင် ကျောင်းသား/သူ စုစုပေါင်း(၁၅၀)ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာများ ဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်နှင့် နံရံကပ်ပိုစတာ များဖြန့်ဝေပေးခဲ့ ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_dec2019 Source: တမူးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်စေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီအစည်းအဝေး အဖွင့်စကား ပြောကြား
ဒီဇင်ဘာလ၊ ၁၃၊ နေပြည်တော် မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက် အကောင်အထည်ဖော်ရေး အတွက် အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်စေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်း ကော်မတီ၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကား ပြောကြားခဲ့ ပါသည်။ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် အစိုးရအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အစွမ်းကုန်ကြိုးပမ်းလျက်ရှိကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိမှ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှု အခြေခံ သည် လူသားစွမ်းရည် အရင်းအမြစ်ကောင်းများပေါ်တွင် မူတည်ကြောင်း၊ … Read more
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင် ခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွား သင်တန်းဖွင့်ပွဲအခမ်းအနားအား (၁၁.၁၂.၂၀၁၉) ရက်နေ့ (၀၈:၃၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ မအူပင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများ စုစုပေါင်း(၄၀)ဦးခန့် တက်ရောက်ခဲ့ပြီး သဘာဝဘေးလျော့ပါးရေးစေတနာ့ ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းအား သင်တန်းသား၊ သင်တန်းသူ (၃၀)ဦးဖြင့် (၁၁.၁၂.၂၀၁၉)ရက်နေ့မှ (၁၃.၁၂.၂၀၁၉) ရက်နေ့ အထိ သင်တန်းကာလ (၃)ရက်ကြာဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_dec2019 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ဒုတိယဝန်ကြီး ဦးစိုးအောင်က မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် ခန့်အပ်ထားသည့် Mr. Toshio Nishimura အား လက်ခံတွေ့ဆုံမှုသတင်း
ဒီဇင်ဘာလ ၁၀၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်အား ဂျပန်နိုင်ငံ၊ အအိချိခရိုင်၊ နာဂိုယာမြို့တွင် မြန်မာနိုင်ငံအစိုးရမှ မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် ခန့်အပ်ထားသည့် Mr.Toshio Nishimura ဦးဆောင်သောအဖွဲ့က ယနေ့ မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် ပညာရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းများအား ပိုမိုထိရောက်စွာနှင့် ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေးအတွက်မကြာသေးမီက နာဂိုယာဂျပန်-မြန်မာ ချစ်ကြည်ရေး အသင်းအား ဖွဲ့စည်းဆောင်ရွက်ခဲ့မှုများ၊ နာဂိုယာမြောက်ပိုင်းဒေသများတွင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု … Read more
-
မသန်စွမ်းအထူးပညာရေးကျောင်းများဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပမှုသတင်း
ဒီဇင်ဘာ ၈၊ နေပြည်တော် မသန်စွမ်းအထူးပညာရေးကျောင်းများဆိုင်ရာ ညှိနှိုင်းအစည်းအဝေးနှင့် ပုဂ္ဂလိကပညာသင် အထူးကျောင်း/ ပုဂ္ဂလိက ပြန်လည်ထူထောင်ရေးဌာန တည်ထောင်ခြင်းဆိုင်ရာ စည်းကမ်းချက်များကို ထပ်မံဖြည့်စွက်ဆွေးနွေးခြင်းဆိုင်ရာ ညှိနှိုင်း အစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဒီဇင်ဘာလလ (၆) ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မသန်စွမ်းသူများသည် လူ့အခွင့်အရေးကို အပြည့်အဝခံစားရရှိနိုင်ရန်နှင့် မသန်စွမ်းသူများအား ခွဲခြားဆက်ဆံခြင်း၊ အကြမ်းဖက်မှုများမှ ကာကွယ်ပေးနိုင်ရန်တို့အတွက် မသန်စွမ်းသူများ၏ အခွင့် အရေးဥပဒေ (၂၀၁၅) ၊ နည်းဥပဒေများ (၂၀၁၇)တို့ကို ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်းကို … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆.၁၂.၂ဝ၁၉)နေ့ (၁ဝး.၃ဝ)နာရီမှ (၁၁:၃၀)နာရီအထိ လိပ်ခမော်ကျေးရွာအုပ်စု၊ မလကျွန်းကျေးရွာ (အ.ထ.က)(ခွဲ)၌ ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် ဘေးမဖြစ်မီကြိုတင်ပြင်ဆင်ရေး၊ ဘေးဖြစ်ပွားစဉ်တုံ့ပြန်ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပွားပြီး ဆောင်ရန်/ ရှောင်ရန်များကို ဟောပြောခြင်း၊ လက်ကမ်းစာစောင်များနှင့် မုန့်များဝေငှခြင်းတို့ဆောင်ရွက်ခဲ့ရာ ဆွေးနွေးဟောပြောပွဲသို့ မုန့်များ၊ ကျောင်းသူ/သားများ စုစုပေါင်း (၁၀၀)ဦးခန့်တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #rke_dec2019 Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဆင်ပေါင်ဝဲ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅.၁၂.၂၀၁၉) ရက်နေ့ နေ့လယ်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့်အတူ ဆင်ပေါင်ဝဲမြို့နယ်၊ ချောင်းကောက်ကျေးရွာအုပ်စု၊ ကိုးပင်စံပြကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း၌ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူစုစုပေါင်း (၃၄၆) ဦးတို့အား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိ ပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_dec2019 Source: ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောမှုသတင်း
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဆင်ပေါင်ဝဲ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅.၁၂.၂၀၁၉) ရက်နေ့ နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန နှင့်အတူ ဆင်ပေါင်ဝဲမြို့နယ်၊ ကျားထူးဆန်းကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူစုစုပေါင်း (၂၁၆)ဦးတို့အား သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ ဟောပြော ခဲ့ပြီး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_dec2019 Source: ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
