လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ ထန်းဇင်လှကျေးရွာအုပ်စု၊ ထန်းဇင်လှကျေးရွာ၌ (၁၇-၁-၂၀၂၀) ရက်တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် မီးလောင်ပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀ဝ/-)၊ လူဦးရေ (၅)ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာရန်ပုံငွေ(၁၀၅၀ဝ/-)၊ စုစုပေါင်းရန်ပုံငွေ (၁၁၀၅၀ဝ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၁) အိမ်ထောင်စာ(၃၂၃၅၃/-)ကျပ်တို့ကို (၂၇-၁-၂၀၂၀) ရက်နေ့ (၁၃:၅၀) နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တကွ တာဝန်ရှိ သူများ၏ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
Source: သာပေါင်းမြို့နယ်ဉီးစီးမှူးရုံး (ဘစမ)