
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁-၂၀၂၀) ရက်နေ့၊ နံနက် (၉း၀၀)နာရီမှ (၁၀း၃၀)နာရီအချိန်အထိ ရေစကြိုမြို့နယ်၊ အ.လ.က (ခွဲ) ထင်းတန်းကျောင်း၌ ကျောင်းသား/ သူနှင့် ဆရာ/ဆရာမ (၂၈၀) ဦးတို့အား ငလျင်ဘေး၊ မိုးကြိုး ဘေး၊ မုန်တိုင်းဘေး၊ ရေဘေးနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန် အချက်များအား အသိပညာပေးဆွေးနွေးဟောပြောခြင်း၊ သရုပ်ပြခြင်း၊ အပြန်အလှန်ဆွေးနွေးမှုများဆောင်ရွက်ခြင်းနှင့် လက်ကမ်းစာစောင်များပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)