သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

30_Pic_03 30_Pic_04

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လင်းခေးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉.၁.၂၀၂၀) နေ့၊ နေ့လည် (၁၃:၀၀) နာရီ မှ (၁၅:၀၀)နာရီထိ အခြေခံပညာ အလယ်တန်းကျောင်း (နမ့်ဆိုင်း) တွင် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ၊ တက်ရောက်သူ စုစုပေါင်း (၂၀၀)အား ငလျင်ဘေးနှင့် အခြား သဘာဝဘေးများအကြောင်း အသိပညာပေး ဟောပြောဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် ဦးစီးဌာန၏လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ဘေး ၈ မျိုး ဆောင်ရန်၊ရှောင်ရန်များ၊ ကျောင်းသား၊ ကျောင်းသူများအား ရာသီဥတုပြောင်းလဲမှုကြောင့် အပူရှိန်မြှင့်တက်လာနိုင်မှုများ၊ နောက်ဆက်တွဲ ဘေးအန္တရာယ် များ၊ ဖြစ်ပေါ် လာနိုင်မှုအခြေ အနေများကို အသေးစိတ်ဆွေးနွေးပြီး သိလိုသည့် မေးမြန်းချက်များကို ပြန်လည်ဖြေကြားပေးခြင်း၊ ငလျင်ဘေး အန္တရာယ်ဖြစ်ပေါ်လာပါက နေထိုင်ရမည့် အနေအထားများကို လက်တွေ့သရုပ်ပြသခြင်း၊ လိုက်ပါဆောင်ရွက် စေခြင်း၊ ဘေး ၈ မျိုး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ သဘာဝဘေး မှတ်တမ်း Video များ ပြသခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။

#ar
#shn_jan2020

Source:  လင်းခေးခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events