သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

28_Pic_01 28_Pic_02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၁-၂၀၂၀) ရက်နေ့ (၁၃း၀၀)နာရီမှ (၁၄း၃၀)နာရီအထိ သာယာဝတီ ခရိုင်၊ အုတ်ဖိုမြိုနယ်၊ သရက် ပင်ဆိပ်ကျေးရွာအုပ်စု၊ သရက်ပင်ဆိပ်ကျေးရွာ၊ ရွာလယ်ဘုန်းတော်လေး ကျောင်းဓမ္မာရုံတွင် အုတ်ဖို မြို့နယ့်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဌာန၊ မီးသတ်ဦးစီးဌာန၊လျှပ်စစ်ဌာနတို့မှ တာဝန်ရှိ သူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး များနှင့်အတူရပ်မိရပ်ဖများ ကျေးရွာများ အတွင်းရှိ ပြည်သူများ/စုစုပေါင်းတက်ရောက် လာသူ (၁၅၀)ဦးကျော်တို့အား ဘေးအန္တရာယ်ဆိုင်ရာ အသိပညာ ပေးဆွေးနွေးဟောပြောရာတွင် ဘေးမဖြစ်မီ ကြိုတင်ပြင်ဆင်ရေး၊ ဘေးဖြစ်စဉ်တုံ့ပြန်ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပြီး ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေးဆွေးနွေး ဟောပြောခဲ့ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဗီနိုင်းပိုစတာနှင့် နံရံကပ်ပိုစတာများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးထံသို့  ပေးအပ်ခြင်း၊ လက်ကမ်း စာစောင်များနှင့်မုန့့်များဝေငှပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#bgo_jan2020

Source:  ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events