လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀.၁.၂၀၂၀) ရက်နေ့တွင်ဘီးလင်းမြို့နယ်၊ လိပ်ခုံးကျေးရွာတွင် မီးဘေးသင့်မှုကြောင့် လူနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစည်းဖိုးငွေ (၁၀၀၀၀၀) ကျပ်နှင့် လူဦးရေ (၂)ဦးအတွက် (၇) ရက် စာဆန်ဖိုးငွေ (၄၂၀၀) ကျပ်၊ စုစုပေါင်း(၁၀၄၂၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး၊ family kit (၁)ထုပ်၊ ပလပ်စတစ် ရေဖုံး(အဖုံးပါ)(၂)လုံးတို့ကို (၃၀.၁.၂၀၂၀) ရက်နေ့တွင် (၁၂:၃၀)နာရီအချိန်တွင် မီးဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)