သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောမှုသတင်း

28_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လင်းခေးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇.၁.၂၀၂၀)ရက်နေ့၊ နေ့လည် (၁၃:၀၀)နာရီ မှ (၁၅:၀၀)နာရီထိ၊ မောက်မယ်မြို့ အခြေခံ ပညာအလယ်တန်းကျောင်းခွဲ (စျေးတန်း) တွင် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၀၀)ဦးအား ငလျင်ဘေးနှင့် အခြားသဘာဝဘေးများအကြောင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။ အဆိုပါဟောပြောပွဲ တွင် ဦးစီးဌာန၏လုပ်ငန်း တာဝန်များ၊ ရည်ရွယ်ချက်များ၊ ဘေး (၈)မျိုး ဆောင်ရန်၊ ရှောင်ရန်များ၊ ကျောင်းသား၊ ကျောင်းသူများအား ရာသီဥတုပြောင်းလဲမှ ု ကြောင့် အပူရှိန်မြှင့်တက်လာနိုင်မှုများ၊ နောက်ဆက်တွဲ ဘေးအန္တရာယ်များ၊ ဖြစ်ပေါ်လာနိုင်မှုအခြေအနေများကို အသေးစိတ် ဆွေးနွေးပြီး သိလိုသည့် မေးမြန်းချက်များကို ပြန်လည်ဖြေကြားပေးခြင်း၊ ငလျင်ဘေးအန္တရာယ်ဖြစ်ပေါ်လာပါက နေထိုင်ရမည့် အနေအထားများကို လက်တွေ့သရုပ်ပြသခြင်း၊ လိုက်ပါဆောင်ရွက်စေခြင်း၊ ဘေး (၈) မျိုးလက်ကမ်း စာစောင်များဖြန့်ဝေ ပေး ခြင်း၊ သဘာဝဘေး မှတ်တမ်း Video များပြသခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#shn_jan2020

Source:  လင်းခေးခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events