Author Archives: Hlaing ChoOo

  • မီးဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ တမာတန်းရပ်တွင် (၂၃-၃-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ချောက်ရေနံမြေ ဝန်ထမ်းအိမ်ရာ (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁)အိမ်ထောင်စာအား (၂၃-၃-၂၀၁၇) ရက်နေ့တွင် ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)  

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၃-၂၀၁၇) ရက်နေ့တွင် တောင်ကြီးမြို့နယ်၊ သံတဲကျေးရွာအုပ်စု၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး ဘေးနှင့်ပတ်သက်သော လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၁၅၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)  

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၃-၂၀၁၇) ရက်နေ့တွင် လောင်းလုံမြို့နယ်၊ ကမ်းပနီကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများနှင့် ဥပဒေစာအုပ်များဝေငှပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၂၂၀) ခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၃-၂၀၁၇) ရက်နေ့တွင် လောင်းလုံမြို့နယ်၊ ကျောက်နီမော်ကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများနှင့် ဥပဒေစာအုပ်များဝေငှပေးခြင်း၊ မီးသတ်ဦးစီးဌာနမှ လက်တွေ့မီးငြိမ်းသတ်ခြင်းများကို လက်တွေ့သရုပ်ပြသခဲ့ပါသည်။ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၁၅၀) ခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)  

  • ရုံးသစ်ဖွင့်လှစ်ခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်တုံ့ပြန်မှု ဆင့်ပွားသင်တန်းဖွင့်လှစ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၃-၂၀၁၇) ရက်နေ့၊ (၀၉:၀၀) နာရီအချိန်၌ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုးညှင်းခရိုင် ဦးစီးမှူးရုံးသစ်ဖွင့်လှစ်ခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်တုံ့ပြန်မှုဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်း အနားကိုကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ကချင်ပြည်နယ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဝင် ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်က အဖွင့်အမှာစကားပြောကြား ခဲ့ပါသည်။ ဆက်လက်၌ အစီအစဉ်အရ နိုင်ငံတကာနှင့် မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသော သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများအကြောင်း မှတ်တမ်း Video များပြသခဲ့ပြီး တက်ရောက် လာသူများက သင်တန်းသား/သင်တန်းသူများအတွက် ထုတ်ပေးသည့် သင်တန်းအထောက်အကူ ပစ္စည်းများ … Read more

  • သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၃-၂၀၁၇) ရက်နေ့တွင် ချင်းပြည်နယ်၊ ဟားခါးမြို့၊ မြို့နယ်စုပေါင်းခန်းမတွင် သဘာဝဘေးလျော့ပါးရေး အသိ ပညာပေးဟောပြောပွဲကျင်းပခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးမှ အမှာစကားပြောကြားခြင်း၊ ချင်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)တာဝန်ရှိသူတစ်ဦးမှ သဘာဝဘေးဆောင်ရန်/ရှောင်ရန်အချက်များ၊ သိကောင်းစရာများအား ဆွေးနွေး ခြင်း၊ မီးသတ်ဦးစီးဌာနမှ မီးဘေးအကြောင်း ပြောကြားခြင်း၊ ယာဉ်ထိန်းရဲမှ ယာဉ်အန္တရာယ်အကြောင်း ပြောကြားခြင်း၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့တို့မှ သိကောင်းစရာများပြောကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၁၀၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)  

  • လေဘေးကြိုတင်ကာကွယ်ရေးအတွက် နေအိမ်များအား ပြုပြင်ပေးမှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ စစ်ကိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၃-၂၀၁၇) ရက်နေ့တွင် မုံရွာမြို့နယ်၊ သစ်ဆိမ့်ကျေးရွာရှိ ခိုင်ခ့ံမှုမရှိသည့် နေအိမ်များအား လေဘေးကြိုတင်ကာကွယ်ရေးအတွက် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို ဓမ္မပါလလူမှုရေးအသင်း၊ သစ်ဆိမ့်ရွာရှိ ဒေသခံလူမှုရေးအသင်းများ၊ ဒေသခံများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

  • မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်လှစ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် UN Habitat အဖွဲ့တို့ပူးပေါင်း၍ မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းအား (၂၈-၃-၂၀၁၇) ရက်နေ့မှ (၁-၄-၂၀၁၇) ရက်နေ့အထိ ဘားအံမြို့နယ်အထွေထွေအုပ်ချုပ်ရေးသင်တန်းခန်းမတွင် သင်တန်းကာလလ (၅) ရက်ဖြင့် ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်းသိရှိရပါသည်။ အဆိုပါ သင်တန်းသို့ တက်ရောက်သူ ဦးရေ (၃၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၃-၂၀၁၇) ရက်နေ့ (၁၃:၀၀) နာရီအချိန်မှ (၁၅:၀၀) နာရီအချိန်ထိ ကျိုင်းတုံမြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ ဘုန်းတော်ကြီးကျောင်းတွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များ၊ မီးဘေး၊ လေပြင်းဘေး၊ မြေငလျင်ဘေးနှင့် ပတ်သက်၍ အထူးလိုက်နာဆောင်ရွက်ရန်သတိပေးသင့်သည့် အချက်များအား ရှင်းလင်းဆွေးနွေးခြင်း၊ ပညာပေးဗွီဒီယိုပြသခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများအား ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၇၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: … Read more

  • မီးဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အိမ်မဲမြို့၊ ပွဲစားဂုံညှင်းတန်းကျေးရွာ၌ (၂၄-၃-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားသော မီးဘေးကြောင့် မီးဘေးသင့်အိမ်ထောင်စု (၁၉) စုမှ လူဦးရေ (၅၆) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ လူတစ်ဦးလျှင် ဆန် (၂) ဗူးနှုန်းဖြင့် (၇) ရက်စာ (၄) အိတ် (၂) ပြည်နှင့် အိမ်ထောင်စု (၁) စုလျှင် ငါးသေတ္တာ (၃) ဗူး၊ ဆီ (၅၀) သား (၁) ဗူး၊ … Read more

Sign Up

Upcoming Events